မြန်မာအလုပ်သမား ၆၀၀ ကျော် အဖမ်းခံရ
2012.03.19
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရှိ ပြည်သူ့ မဟာခန်းမ အဆောက်အအုံကြီး ရှေ့တွင် အစောင့် တပ်သားတဦး တာဝန်ကျနေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP
အခုလို ဖမ်းဆီးခံရတဲ့ မြန်မာ အလုပ်သမားအများစုဟာ နေ့စဉ်၊ အပတ်စဉ် သတ်မှတ်ပေးတဲ့ နိုင်ငံကူး လက်မှတ်တွေ မလုပ်နိုင်တဲ့ အလုပ်သမားတွေက အများစုဖြစ်တယ်လို့ တရုတ် မြန်မာနယ်စပ်မှာ နေထိုင်တဲ့ စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇော်က ပြောပါတယ်။
အခုရက်ပိုင်းအတွင်း မြန်မာအလုပ်သမားတွေကို ဖမ်းဆီးမှုမှာ အရင်နဲ့မတူပဲ တရုတ်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေဟာ ကိုယ်ထိလက်ရောက် စော်ကားတာတွေပါ တွေ့ရှိရတယ်လို့ ပြောပါတယ်။









