မြန်မာလူငယ်နှစ်ဦးကို လူသတ်မှုအပါအ၀င် ၇ မှုနဲ့ တရားစွဲဆို

2014-12-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ထိုင်း ခိုထောင်းကျွန်းမှာ ဗြိတိန်နှစ်ဦးကိုသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို တွေ့ရစဉ်
ထိုင်း ခိုထောင်းကျွန်းမှာ ဗြိတိန်နှစ်ဦးကိုသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို တွေ့ရစဉ်
Photo: bangkokpost

ထိုင်းနိုင်ငံ ခိုထောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးကို ထိုင်းအစိုးရရှေ့နေများအဖွဲ့က ပုဒ်မ ၇ ခုနဲ့ Koh Samuei ခရိုင်တရားရုံးမှာ ဒီကနေ့ စွဲချက်တင်လိုက်ပါတယ်။

ထိုင်းအစိုးရရှေ့နေများအဖွဲ့က စွဲချက်တင်ထားတဲ့ ပုဒ်မတွေဟာ သေဒဏ်ကျခံရနိုင်တဲ့ပြစ်မှုတွေ ဖြစ် တယ်လို့ မြန်မာသံရုံး အထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

"တနင်္လာနေ့ ၈ ရက်နေ့ကျမှ ကလေးတွေကို စွဲချက်တင်ပြီးတော့မှ ကျူးလွန်မှု ရှိ၊ မရှိ မေးမယ့် ဆိုတဲ့သဘောဖြစ်နေပါတယ်၊ ကျနော်တို့ဖက်က အာမခံဖို့လည်း စဉ်းစားနေပါတယ်၊ အခုဟာက ဒီအမှုပုဒ်မတွေက သေဒဏ်ထိုက်တဲ့အမှုတွေပါ၊ သေဒဏ်ထိုက်တဲ့အမှုတွေဖြစ်ပေမဲ့ မျက်မြင်သက်သေမရှိရင် အပြစ်ပေးလို့မရပါ"

မြန်မာလူငယ် ၂ ဦးကို လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းခိုးမှု၊ လုယက်မှု၊ သတင်းထိန်ချန်မှု၊ ထိုင်းနိုင်ငံကို တရားမဝင်လာရောက်မှုနဲ့ တရားမဝင်နေထိုင်မှု စတဲ့ စွဲချက် ၇ ခု နဲ့ Koh Samuei ခရိုင်တရားသူကြီးထံ တင်ပြခဲ့တာဖြစ်ပါတယ်။

ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့နှစ်ဦးဟာ ရိုက်နှက်စစ်ဆေးခံခဲ့ရတာကြောင့် ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်တယ်လို့ ဝန်ခံခဲ့တာဖြစ်ကြောင်းနဲ့ အပြစ်ဝန်ခံမှုကို ပြန်လည်ရုပ်သိမ်းပေးဖို့ မြန်မာသံရုံးအထူးအဖွဲ့က ခရိုင်တရားရုံးကို ဒီနေ့ တင်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတာဖြစ်ပြီး အဲ့ဒီလူသတ်မှုနဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦး ဖမ်းဆီးခံရတာဖြစ်ပါတယ်။

မြန်မာသံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့