ပန်းရောင်ကတ်ပြား ကိုင်သူများ စက်ရုံခွင့်စာ လိုအပ်


2017.07.11
myanmar-workers-thai-620.jpg ထိုင်းနိုင်ငံ မဟာချိုင်မြို့က မြန်မာအလုပ်သမားများကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

ထိုင်းနိုင်ငံမှာ ပန်းရောင်ကတ်ပြား၊ ယာယီ အလုပ်ပါမစ်ကတ်ပြားတွေ ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ နိုင်ငံသားမှန်ကန်ကြောင်း အတည်ပြုချက်လုပ်ပေးတဲ့ ဌာနတွေကို မသွားခင် သက်ဆိုင်ရာ စက်ရုံ အလုပ်ရုံတွေက ခွင့်လက်မှတ်များ ယူဆောင်သွားဖို့ ထိုင်း အလုပ်သမား အရာရှိတွေ က ပြောပါတယ်။

နိုင်ငံသားမှန်ကန်ကြောင်း အတည်ပြုချက်တွေကို ထိုင်းနိုင်ငံအတွင်း နေရာ (၆) နေရာမှာ ရုံးများ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိပါတယ်။ မြန်မာအာဏာပိုင်တွေနဲ့ သဘောတူညီချက်အရ မြန်မာအရာရှိတွေဟာ အဲ့ဒီရုံးတွေမှာလာရောက်ပြီး အလုပ်သမားတွေအတွက် ဆောင်ရွက်ပေးမှာ ဖြစ်လို့ နိုင်ငံသားမှန်ကန်ကြောင်း အတည်ပြုချက်လက်မှတ်အတွက် မြန်မာပြည်ကို ပြန်စရာမလိုဘူးလို့ ဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါတယ်။

မြန်မာအလုပ်သမားတွေလာရောက်နိုင်တဲ့ ရုံးတွေကို မြို့နယ် ငါးခုမှာ ဖွင့်လှစ်ပေးထားတယ်လို့ ဆိုပါတယ်။ စမွတ်စခွန်မှာ ရုံး၂-ရုံး၊ တပ်ခ်၊ ချင်းယိုင်၊ ချင်းမိုင်၊ နခွန် စဝမ် စတဲ့ မြို့နယ်တွေမှာ ရုံးတစ်ရုံးစီ ဖွင့်လှစ်ပေးထားပါတယ်။

နိုင်ငံသားမှန်ကန်ကြောင်း အတည်ပြုချက် ရယူပြီးတဲ့ အလုပ်သမားတွေအတွက် လိုအပ်တဲ့ ဗီဇာ၊ အလုပ်ပါမစ်များ ဆက်လုပ်နိုင်ဘို့ C.I. လို့ခေါ်တဲ့ လက်မှတ်တွေ ထုတ်ပေးမှာဖြစ်ပါတယ်။

အလားတူ စာရွက်စာတမ်းမရှိတဲ့ ရွေ့ပြောင်းအလုပ်သမားတွေအတွက်၊ အလုပ်ရှင်က ရွေ့ပြောင်းလုပ်သား ရှာဖွေရေးရုံးမှာ လျှောက်ထားပေးနိုင်ပါတယ်။ အဲဒီအတွက် ရုံးတွေကို ဇူလိုင်လ ၂၄ ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့အထိ ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။