မြန်မာအလုပ်သမားတွေ အနိုင်ရပြီ

2018-07-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမှုရင်ဆိုင်ရတဲ့ မြန်မာအလုပ်သမားတွေကို တရားရုံးရှေ့မှာ ၂၀၁၈ ဖေဖော်ဝါရီလ ၇ ရက်ေန့ကတွေ့ရစဉ်
အမှုရင်ဆိုင်ရတဲ့ မြန်မာအလုပ်သမားတွေကို တရားရုံးရှေ့မှာ ၂၀၁၈ ဖေဖော်ဝါရီလ ၇ ရက်ေန့ကတွေ့ရစဉ်
Photo: LILLIAN SUWANRUMPHA / AFP

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၁၄ ယောက်ကို Thammakaset သမာဆတ်  ကြက်သားထုတ်လုပ်ရေး ကုမ္ပဏီက အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တဲ့အမှုကို  ထိုင်းတရားရုံးက ဗုဒ္ဓဟူးနေ့ မနေ့က ပယ်ချလိုက်ပါတယ်။

အဲဒီ အလုပ်သမားတွေက လုပ်ခလစာ အပြည့်အဝ မရရှိခြင်း၊ အဓမ္မ အချိန်ပိုခိုင်းစေခြင်း၊ ပတ်စ်ပို့တွေ သိမ်းဆီးခံရခြင်းနဲ့ လွတ်လပ်စွာသွားခွင့် မပြုခြင်း အပါအဝင် သူတို့ရဲ့အခွင့်အရေးတွေ ဆုံးရှုံးမှုအတွက် ထိုင်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ၂ဝ၁၆ က တိုင်ကြားခဲ့ပါတယ်။

အလုပ်သမားတွေကို ကုမ္ပဏီအနေနဲ့ လျော်ကြေးအဖြစ် ကန် ဒေါ်လာ ၅ သောင်းပေးဖို့ ထိုင်းအလုပ်သမားများ အကာအကွယ်ပေးရေးနဲ့ လူမှုဖူလုံရေးဌာနက အမိန့်ချမှတ်ထားပေမယ့် အလုပ်ရှင်က အယူခံဝင်ခဲ့တဲ့အတွက် အခုအချိန်ထိ လျော်ကြေးမရသေးတဲ့ အပြင် ကုမ္ပဏီက အလုပ်သမားတွေကို ပြီးခဲ့တဲ့နှစ်မှာ အသရေဖျက်မှု နဲ့ ပြန်လည်တရားစွဲခဲ့ပါတယ်။

မနေ့က ဆုံးဖြတ်ချက်ချရာမှာတော့ အခုလို အလုပ်သမားတွေက လူ့အခွင့်အရေးအဖွဲ့ကို တိုင်ကြားခဲ့တာဟာ သဘောရိုးနဲ့ဖြစ်ပြီး အချက်အလက် အမှန်တွေဖြစ်တဲ့အတွက် အသေရေဖျက်တာ မဟုတ်ဘူးလို့ တရားသူကြီး က ပြောပါတယ်။

ဒါဟာ ထိုင်းနိုင်ငံမှာ အလုပ်သမားတွေဘက်က အနိုင်ရတဲ့ ရှားရှားပါးပါး ဆုံးဖြတ်မှုဖြစ်တဲ့အတွက် နိုင်ငံ တဝန်းလုံးက နိုင်ငံခြားအလုပ်သမားတွေအတွက် အားတက်စရာပဲလို့ လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုခဲ့ကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့