မြန်မာ-အိန္ဒိယ နယ်စပ်ခြံစည်းရိုးကာတာကို ဆိုင်းငံ့ဖို့တောင်းဆို

2013-08-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အိန္ဒိယ-မြန်မာ နယ်စပ် စည်းရိုးကာရံနေတဲ့ကိစ္စမှာ မဏိပူရ်ပြည်နယ်ရဲ့ မြေပိုင်နက်တချို့ ဆုံးရှုံးသွားမှာဖြစ်လို့ ဆိုင်းငံ့ထားသင့်ကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။

မဏိပူရ်ပြည်နယ် အင်ဖားမြို့မှာ UNM-M ခေါ် ညီညွှတ်သော မဏိပူရ် အင်ဂျီအိုမစ်ရှင်အဖွဲ့ကကြီးမှူးပြီး မနေ့ကကျင်းပခဲ့တဲ့ အိန္ဒိယ-မြန်မာနယ်စပ် စည်းရိုးဆိုင်ရာဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

ဆွေးနွေးပွဲမှာ မဏိပူရ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခ ဒေါက်တာ ဒါနာဘီယာက လက်ရှိ အိန္ဒိယ-မြန်မာနယ်စပ် စည်းရိုးစီမံချက်မှာ မဏိပူရ်ပြည်နယ်ရဲ့မြေပိုင်နက် (၆) မိုင်ကျော်လောက် မြန်မာဘက်ကိုပါသွားဖို့များကြောင်း၊ အဲဒါကြောင့် ဒီစီမံချက်ကို ရပ်ဆိုင်းရေးအတွက် မဏိပူပြည်နယ်အစိုးရအနေနဲ့ ကြားဝင်ဟန့်တားသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ညီညွှတ်သော မဏိပူရ်အင်ဂျီအိုမစ်ရှင် အဖွဲ့အတွင်းရေးးမှူးကလည်း နယ်စပ်စည်းရိုး စီမံချက်ရပ်ဆိုင်းရေး အစီရင်ခံစာတစ်စောင်ကို ပြည်နယ်အစိုးရနဲ့ အိန္ဒိယအစိုးရတွေဆီ တင်ပြမှာဖြစ်ပြီး၊ နိုင်ငံတကာ ဥပဒေနဲ့ ငြိစွန်းကြောင်း အစီရင်ခံစာတစ်စောင်ကိုလည်း ကုလသမဂ္ဂကို တင်မှာဖြစ်ကြောင်း၊ ဒါ့ပြင် မြန်မာ မဏိပူရ် နယ်စပ်မျဉ်းကို ကုလသမဂ္ဂကကြီးမှူးပြီး ပြန်လည်တိုင်းတာပေးဖို့လည်း တောင်းဆိုမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကို မဏိပူရ် ပြည်နာ်အစိုးရ အာဏာပိုင်တွေ၊ ကျေးရွာလူကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့