မြဝတီမြို့မှာ ခွင့်ပြုမိန့်မရှိတဲ့ တရုတ်ဆိုင်းဘုတ်တွေ စည်ပင်ဖြုတ်ချ


2019.09.20
myawaddy-622.jpg မြဝတီမြို့က ခွင့်ပြုချက်မရိှတဲ့ တရုတ်ဆိုင်းဘုတ်တွေကို စည်ပင်ဝန်ထမ်းများ ဖြုတ်ချနေစဉ်။
ဓာတ်ပုံ - နေနော်(မြဝတီ)

မြဝတီမြို့မှာ စည်ပင်သာယာဌာနကို တင်ပြခြင်းမရှိဘဲ မိမိသဘောနဲ့ ရေးထားတဲ့ ဆိုင်ဆိုင်းဘုတ်တွေ၊ အထူးသဖြင့် တရုတ်စာသားပါတဲ့ ဆိုင်းဘုတ်တွေကို စည်ပင်သာယာက လိုက်လံစစ်ဆေးပြီး ဖြုတ်ချလိုက်ပါတယ်။

ခုလိုဆောင်ရွက်တာဟာ မြို့ထဲမှာ အိမ်ငှားနေထိုင်တဲ့ တရုတ်နိုင်ငံသား အများအပြားရှိနေပြီး စက်တင်ဘာလ ၁၃ ရက်နေ့က မြို့အတွင်း တရုတ်နိုင်ငံသားတွေ  မူးယစ်သောင်းကျန်းပြီး ညစ်ညမ်းစွာ ဆဲဆိုခဲ့တဲ့အတွက် မြို့ခံတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

ဒီပြဿနာဖြစ်ခဲ့ပြီးနောက် မြို့တွင်း နိုင်ငံခြားသားစောင်ကြည့်ရေးအဖွဲ့ဖွဲ့ခဲ့ပြီး အဖွဲ့က စာတင်တာကြောင့် မြို့နယ်စည်ပင်က ဆောင်ရွက်တာဖြစ်ပါတယ်။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။