မြေပုံမှာ ရုန်းရင်းဆန်ခတ်ဖြစ်

ရခိုင်ပြည်နယ် မြေပုံမြို့မှာ ဒီကနေ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပေမယ့် အခြေအနေကို ထိန်းသိမ်းထားနိုင်တယ်လို့ သတင်းရရှိပါတယ်။

2012.06.29

မြေပုံမြို့မှာ အများသုံး သောက်သုံးရေကန် တစ်ကန်ရှိပြီး ရေကန်ကို အဆိပ်ခတ်ထားတယ်လို့ မြို့ခံတွေက သံသယ ဖြစ်ကြပါတယ်။ ဒါကြောင့် ဒီရေကိုမသုံးကြဖို့လိုက်လံဆော်သြ ကြပါတယ်။

တချိန်တည်းမှာပဲ ဒီနေ့ဟာ သောကြာနေ့ ဖြစ်တဲ့အတွက် မြို့နေ အစ္စလာမ်ဘာသာဝင်တွေကလည်း ဘုရားကျောင်းတက်ဖို့ အပြင်လမ်းမတွေမှာ သာမန်နေ့တွေထက် လူပိုများနေတယ်လို့ ဆိုပါတယ်။

ဒီလို အခြေအနေမှာ နှစ်ဘက်သံသယပွားပြီး အပြန်အလှန် လောက်လေးဂွတွေနဲ့ ပစ်ခတ်ကြတဲ့ အထိဖြစ်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ထိန်းပြီး လမ်းဆုံ-လမ်းခွတွေမှာ စောင့်ကြည့်နေခဲ့တယ်လို့ အမည်မဖော်လိုသူ အစိုးရ အာဏာပိုင်တစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။

ဒါ့အပြင် အဲဒီကန်ထဲမှာ သေဆုံးနေတဲ့ ငါးတွေကို စမ်းသပ်ဖို့ မြေပုံမြို့မှာ ဓာတ်ခွဲခန်းမရှိတဲ့အတွက် စစ်တွေကိုပို့ ထားတယ်လို့ အဲဒီ အာဏာပိုင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။