မြစ်ကြီးနားမြို့မှာ သတင်းထောက်တွေ အင်တာနက်သုံးဖို့ အခက်တွေ့

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရောက်နေစဉ်အတွင်း မြစ်ကြီးနားမြို့မှာ အင်တာနက်ဆိုင်တွေ ပိတ်ထားပြီး အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် လိုက်ပါ သတင်းယူနေကြတဲ့ ပြည်တွင်း ပြည်ပသတင်းထောက်တွေ မိခင်သတင်းဌာနကို သတင်းပြန်ပို့ဖို့ အခက်ကြုံနေကြရပါတယ်။

2012.02.23
assk-myit-gyi-na-1-b305 ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံနှုတ်ဆက်နေစဉ်။
NLD

မြစ်ကြီးနားမြို့ထဲမှာ လိုက်လံ မေးမြန်းကြည့်တဲ့အခါ အင်တာနက်ဆိုင် လေးဆိုင်က ပိတ်ထားကြောင်း၊ ဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်ကို တွေ့တဲ့အချိန်မှာတော့ မိမိတို့ သတင်းထောက်မှန်းသိတဲ့အခါ အသုံးပြုခွင့် မပေးကြောင်း သတင်းထောက်တစ်ဦးက အာအက်ဖ်အေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ နိုင်ငံခြားသား သတင်းထောက်တွေအပါအဝင် ပြည်တွင်း ပြည်ပသတင်းဌာနက သတင်းထောက် ၄၀ နီးပါးလောက် လိုက်ပါ သတင်းယူနေကြတယ်လို့ ဆိုပါတယ်။ မနေ့ညက ဒေါ်အောင်ဆန်းစုကြည်ဟာ မြစ်ကြီးနားကို ရောက်လာကြတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ မြစ်ကြီးနားမြို့မနောကွင်းမှာကျင်းပတဲ့ ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗန်းမော်မြို့မှာ လူထုနဲ့တွေ့ဆုံ ဟောပြောမှာဖြစ်ပြီး ၈၈ ကျောင်းသား ခေါင်းဆောင်တွေကတော့ ဧရာဝတီမြစ်ဆုံဘက်ကို သွားရောက်ကြမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-03-15 04:14

noi_idie@ hotmail.com

Anonymous
2012-02-23 22:35

Still in the darkness? Open eyes! We are rational beings, we want to communicate each other, we need happiness, emotion, love, and we do not want to lonely anymore.