မြစ်ဆုံစီမံကိန်း အဆုံးသတ်ဖို့ ဆန္ဒပြမည်


2019.02.06
myitsone-622.jpg ဧရာဝတီ မြစ်ဆုံဒေသကို တွေ့ရစဉ်
Photo: Zarni Htun/RFA

ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေးအတွက် ဆန္ဒပြပွဲကို မြစ်ဆုံ စီမံကိန်းအတွင်းက ဒေသခံတွေ၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ဒေသခံတွေ စုပေါင်းပြီး မနက်ဖြန် ဖေဖော်ဝါရီ ၇ ရက်နေ့ မြစ်ကြီးနား မြို့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် KDNG က ဦးစာဂျီးက လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက ဒေသခံ ပြည်သူတွေနဲ့အတူ ပူးပေါင်းသွားမှာဖြစ်ပြီး မြစ်ဆုံစီမံကိန်းအပြီးတိုင် ရပ်ဆိုင်းရေးနဲ့ တရုတ်သံရုံး ထုတ်ပြန်ချက် မဟုတ်မှန်ကြောင်း ဆန္ဒပြသွားမှာဖြစ်တယ်လို့  ပြောပါတယ်။

လူအင်အား တစ်သောင်းဝန်းကျင်ခန့်နဲ့ မြစ်ကြီးနား မနောကွင်းကနေ မြို့အတွင်း လှည့်လည်ဆန္ဒပြသွားမှာဖြစ် တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် အဲလိဇဘက်ဂျန်မာ ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။