အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ နေပြည်တော်မှာ ကျင်းပမည်

လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့ မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို မြန်မာအစိုးရက ပထမဆုံးအကြိမ်အဖြစ် နေပြည်တော် မှာ ကျင်းပသွားမယ်လို့ အခမ်းအနား တက်ရောက်ဖို့ ဖိတ်ကြားခံရသူတွေက ပြောပါတယ်။
2011-09-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို လေယာဉ်ပေါ်မှ မြင်ရပုံ။
မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို လေယာဉ်ပေါ်မှ မြင်ရပုံ။
AFP

အခမ်းအနားကို တက်ရောက်ဖို့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံခြား သတင်းဌာနတွေကို ဖိတ်ကြားထားတယ်လို့ ရန်ကုန်မြို့က နိုင်ငံခြားသတင်းထောက်များအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က သတင်းထောက်တဦးက အခုလို မှတ်ချက်ပေးပါတယ်။

“အရင်တုန်းက သူတို့ ဒီမိုကရေစီ ဆိုတဲ့ အသံတောင်မှ မကြားချင်တာ။ အခု အခမ်းအနား လုပ်တယ်ဆိုတော့ နည်းနည်းတော့ ထူးတာပေါ့။ နှစ်ပတ်လောက်အတွင်းမှာတော့ အပြောင်းအလဲတွေ အံ့အားသင့်ဖို့တွေ အများကြီးပဲ။ တခုပြီးတခု ပြောင်းနေတာပဲ။ ဟုတ်လား မဟုတ်လားတော့ နောက်ပိုင်း ကြည့်ရမှာပေါ့ ”

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေမှာ ဒီမိုကရေစီစနစ် ထွန်းကားလာရေးကို ရည်ရွယ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ၂ဝဝ၇ ခုနှစ်မှာ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့