နေပြည်တော် အမြန်လမ်း ကချင်အဖွဲ့ ယာဉ်တိုက်မှု ဖြစ်ပွား


2015-01-05
Share

ကချင်ပြည်နယ်က တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ဝင် ၁၈၀ ကျော်လောက် လိုက်ပါလာတဲ့ ရွှေစင်စြင်္ကာဘတ်စ်ကား ဟာ  ဒီနေ့ မနက်က နေပြည်တော်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၃၃ အနီးမှာ လမ်းပြင်နေတဲ့ ကရိန်းနဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့ရာမှာ ယာဉ်မောင်းတစ်ဦးသေဆုံးပြီး ယဉ်ကျေးမှုအဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်ဘောက်ဂျာက အခုလိုပြောပြပါတယ်။

"ကရိန်းနဲ့ ကားတစ်စင်းက ပွတ်မိတာ၊ ကားမောင်းသူက သေသွားတာဖြစ်တဲ့အခါကျတော့ မိန်းကလေးတွေဆို လန့်မယ်၊ အဲ့ခါ မူးမေ့သွားတာ ၃ ယောက်ပေါ့နော်၊ ၁ ယောက်ကတော့ ပါးလေးမှာထိသွားတာပေ့ါ၊ ဆေးရုံကို ပို့လိုက်တယ်"

နေပြည်တော်မှာ မနေ့ကကျင်းပတဲ့ ၆၇ ကြိမ်မြောက်လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင် အခမ်းအနားတက်ရောက်ပြီး အပြန်မှာ အဲဒီလိုယဉ်တိုက်မှုဖြစ်ခဲ့တာပါ။

ထိခိုက်ဒဏ်ရာရသူတွေကို ကချင်ပြည်နယ်ကျန်းမာရေးမှူးက ကူညီနေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့