အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးဖို့ အောက်တိုဘာ လလယ်ရွေ့ဆိုင်း

2015-09-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦအောင်မင်းနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ စက်တင်ဘာလ ၂ဝ ရက်နေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံစဉ်
အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦအောင်မင်းနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ စက်တင်ဘာလ ၂ဝ ရက်နေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံစဉ်
Photo: Aung Min Htike/ RFA

NCA တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်ကို မူလက အောက်တိုဘာ ပထမပတ် အတွင်း လက်မှတ်ရေးထိုးဖို့ လျာထားခဲ့ရာကနေ တိုင်းရင်းသားအဖွဲ့အချို့ ရဲ့ မေတ္တာ ရပ်ခံချက်အရ အောက်တိုဘာလလယ်ပိုင်းကို ရွှေ့ဆိုင်း လိုက်ကြောင်း MPC မြန်မာငြိမ်းချမ်းရေးဗဟိုအဖွဲ့ရဲ့ ထိပ်တန်းအရာရှိတစ်ဦးက RFA ကို ဒီနေ့ ပြောကြားပါတယ်။

စာချုပ်မှာ ပါဝင်လက်မှတ်ထိုးမယ့်အဖွဲ့အစည်းတွေ ပိုမိုများပြားလာအောင် တိုင်းရင်းသား ခေါင်းဆောင်တချို့က ကြိုးပမ်းနေကြတဲ့အတွက် ထပ်မံရက်တိုးပေးဖို့ တင်ပြတာကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ လက်ခံလိုက်ပြီးနောက် NCA လက်မှတ်ထိုးမယ့်ရက်ကို အခုလို အောက်တိုဘာလလယ်ပိုင်း အထိ ရွှေ့ဆိုင်း လိုက်တာဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

အပြုသ​ဘော​ဆောင်​ပါတယ်

တိုင်းရင်းသား​တွေ​တောင်းဆိုတာ လိုက်​​လျော​ပေးတာ ​အပြုသ​ဘော​ဆောင်​တဲ့လက်​ခဏာပါ

Sep 24, 2015 10:02 PM

ဆိုက်တခုလုံးသို့