အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ ၇ ဖွဲ့ အတည်ပြုဆုံးဖြတ်

2015-09-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာလ ၂၉ ရက်နေ့ကကျင်းပတဲ့ တိုင်းရင်းသား ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်လာတဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့က ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာလ ၂၉ ရက်နေ့ကကျင်းပတဲ့ တိုင်းရင်းသား ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်လာတဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့က ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
Photo: Aung Moe Myint/RFA

NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က လက်မှတ်ထိုးမှာဖြစ်ပြီး ကျန်အဖွဲ့ ၁၀ ဖွဲ့ကတော့ အားလုံးပါဝင်ရေးမူအတိုင်း ဆက်လက်ကိုင်စွဲသွားကြဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ကျင်းပခဲ့တဲ့ တိုင်းရင်းသား ထိပ်သီးအစည်းအဝေးကနေ အတည်ပြု ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီကနေ့ ထိပ်သီးအစည်းအဝေးမှာ NCA လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ အဖွဲ့ ၇ ဖွဲ့ကတော့ KNU ကရင် အမျိုးသား အစည်းအရုံး ၊ DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၊ KNU/KNLA–PC ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ၊ CNF ချင်းအမျိုးသားတပ်ဦး၊ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ်၊ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးနဲ့ ALP ရခိုင်ပြည် လွတ်မြောက်ရေးပါတီတို့ ဖြစ်ပါတယ်။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့၊ MNSP မွန်ပြည် သစ်ပါတီ၊ MNDAA ကိုးကန့်တပ်မတော်၊ AA ရခိုင်တပ်မတော်၊ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီ စတဲ့အဖွဲ့ ၁၀ ဖွဲ့ကတော့ ပါဝင်လက်မှတ်ထိုးဖို့ အဆင်သင့် မဖြစ်သေးကြောင်း ဆုံးဖြတ်ခဲ့ကြတာပါ။

ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (12)
Share

အမည်မဖော်လိုသူ

ဖွတ်အစိုးရရဲ့လည့်ကွက်တွေပါ
တိုင်းရင်းသား ပုံစံ အမျိုးမျိုးနဲ. သွေးကွဲအောင် လုပ်ပြီး တ ဖွဲ့ ချင်းစီ လက်မှတ်ထိုးရေး ကို ထိုးစစ် တွေ ဆင် ပြီး ဖိအား ပေး နေတာပါ
လက်မှတ်ထိုး ပြီး ရင် ထိုးစစ် တွေ ဆင် လာ မယ် ဆိုတာ ပေါ်လွင်နေပါတယ်။
ဒီလောက် ဆို သဘောပေါက်ကြတော့။
ကိုယ် ဖြစ်ကိုယ်ခံကြတော့။

Sep 30, 2015 09:11 PM

နဂိုထဲကကွဲပီးသားပါ

သွေးကွဲအောင်လုပ်တယ်မမြင်ပါဖူး နဂိုထဲက မတူတာတွေပေါင်းထားတာကိုး။ အနည်းဆုံးတော့ပထမအဆင့်အနေနဲ့ ထိုးတဲ့အဖွဲ့ ဒေသတွေတည်ငြိမ်ပီး ဖွံဖြိုးရေးလုပ်ငန်းတွေလုပ်နိုင်မှာပေါ့
မထိုးသေးတဲ့အဖွဲ့ က နဂိုထဲက မထိုးသေးဖူးဆိုတဲ့အဖြေကရှိပီးသား။ကျန်တာတွေက အကြောင်းပြနေတာပါ။

Oct 02, 2015 05:34 AM

ဦးဝင်းတင်

အထူးသဖြင့်​ မိမိ​ဒေသရှိပြည်​သူများအကျိုးအတွက်​ ယင်း မှ တဆင့်​ ပြည်​နယ်​ နှင့်​ နိုင်​ငံအကျိုးအတွက်​ ရည်​ရွယ်​ဦးတည်​ပီး အမြင်​ကျယ်​၂ဖြင့်​ လက်​မှတ်​​ရေးထိုးကာနိုင်​ငံ​ရေးမူ​ဘောင်​များကိုဆက်​လက်​​ဆွေး​နွေးကြမည့်​ လက်​မှတ်​ထိုးမည့်​ ​ခေါင်း​ဆောင်​များနှင့်​ယင်းအဖွဲ့ များအား အထူးဂုဏ်​ယူ​လေးစား ပါသည်

Sep 30, 2015 08:39 PM

ရူ့​ထောင့်​​ပေါ်မူတည်​တယ်

Divide ​and Rule​ကြောင့်​မဟုတ်​ဖူး၊ငြိမ်းချမ်း​ရေးစ​ခေါ်ထဲက လုပ်​ငန်းအဆင့်​​တွေသတ်​မှတ်​ပီးသား၊ အဲဒီအတိုင်းမဟုတ်​ပဲတိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ့ အချို့ က သူတို့​တောင်းခြင်​တာ​တောင်း​နေတာ၊​တောင်းသမျှလည်းလိုက်​​လျော​ပေးတယ်​။ ထိုးမယ်​မထိုးဖူးဆိုတာယမြင်​တဒ့ရူ​ထောင့်​​ပေါ်မူတည်​တယ်​။ ငါ​ဒေသကပြည်​သူ​တွေစစ်​ဒဏ်​ခံစား​နေရတာ​တွေကင်းစင်​ပီး​အေးချမ်း​စေခြင်​တဲ့စိတ်​ရူ​ထောင့်​ဆိုရင်​အ​ဖြေကတမျိုးထွက်​သွားမယ်​။ ငါ့အကျိုးစီးပွားအတွက်​ဆိုရင်​​တော့အ​ဖြေကတမျိုး​ပေါ့၊ရိုးသားစွာ​တွေးဖို့ပဲလိုတာ။

Sep 30, 2015 06:51 PM

Phoe Kwar

Hi reader,
Divide-and-Rule method works well, it is evident.
I am a pure Karen and I don't understand the vision of the KNU and its affiliate organizations. In next century, we will be completely eradicated from our native land, the Karen State. The military government is cunning. And finally we the ethnic minorities will be under the Burmese military boots.
No Brainer.

Sep 30, 2015 01:04 PM

(

ဟဲဟဲ divide and rule သုံးထားတာ ဒီလို ဖြစ်လာမှာပေါ့။

Sep 30, 2015 12:47 PM

သက်အောင်

ရည်ရွယ်ချက်မတူတာတွေပေါင်းထားလို့ ပါ
တနည်းအားဖြင့် နိုင်ငံရေးကစားတဲ့အဖွဲ့ နဲ့ မကစားပဲရိုးရိုးဖြောင့်၂သွားတဲ့အဖွဲ့ ၂ခုပေါင်း ထားလို့ ပါ D&Rကြောင့်မဟုတ်ပါဖူး

Sep 30, 2015 07:29 PM

Divide & Rule ဆိုသည်​မှာ

Divide & Rule ဆိုတာ တူညီတဲ့အုပ်​စုတခု(သို့ ) ​ဒေသတခု၊နိုင်​ငံတခုရှိလူများကို အုပ်​ချုပ်​သူက ခွဲခြားအုပ်​ချုပ်​ခြင်းပါ၊ အခုက စထဲက ရည်​ရွယ်​ချက်​မတူညီတဲ့ အကျိုးစီးပွားခြင်း မတူတဲ့ အ​တွေးအမြင်​ခြင်း မတူတဲ့ အ​တွေ့အကြုံခြင်းမတူတဲ့ အင်​အားခြင်းမတူတဲ့ အဖွဲ့စည်းများ အ​ပေါ်ယံ​ယာယီ​ပေါင်း စည်းထားခြင်းဖြစ်​ပါတယ်​၊ဒါ​​ကြောင်​​​ပေါ့င်း စည်းထားခြင်း က ကြာ၂မခံပါဖူး

Sep 30, 2015 08:50 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့