အပစ်ရပ် ၁၀ ဖွဲ့ အစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုအားကောင်းဖို့ ဆွေးနွေး

2018-02-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ချင်းမိုင်မြို့မှာ ကျင်းပစဉ်
အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ချင်းမိုင်မြို့မှာ ကျင်းပစဉ်
Photo: RFA

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA ကို အခြေခံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမိုအားကောင်း လာအောင် ပူးပေါင်းဆောင်ရွက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ အစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့ KNU အထွေထွေ အတွင်းရေးမှုးချုပ် ပဒိုစောတာဒိုမှုးက အစည်းအဝေး ဒုတိယမြောက်နေ့ ဒီနေ့ ပွဲ အပြီးမှာ ပြောပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရဲ့ အစည်းအဝေးကို ချင်းမိုင်မြို့မှာ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး NCA လုပ်ငန်းစဉ် ဆက်လက်အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှုးချုပ် ပဒိုစောတာဒိုမှုး က ပြောပါတယ်။

"လက်မှတ်ထပ်ပြီးတော့ ထိုးလိုက်တဲ့ အဖွဲ့နှစ်ဖွဲ့နဲ့ ၈ ဖွဲ့ကြားမှာ အတူတကွ ပူးပေါင်းပြီးတော့ NCA ကို အခြေခံတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အတွက်တော့ ပိုပြီးတော့ ၀မ်းသားအားရဖြစ်တဲ့ အခြေခံတစ်ခုလို့ ပြောချင်တယ်။ နောက် တွေ့ဆုံညှိုနှိုင်းအဖြေရှာ တဲ့ ယဉ်ကျေးမူတစ်ခုကို ကျနော်တို့ ဖော်ဆောင်တဲ့နေရာမှာ ပိုပြီးတော့ အားကောင်းလာမယ်လို့လည်း မျှော်လင့်ပါတယ်"

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး ပူးတွဲကော်မတီ UPDJC နဲ့  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်  ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM တို့မှာ အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့  မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့  ပူးပေါင်းပါဝင်လာဖို့အတွက် ကိုယ်စားလှယ်စေလွှတ်ရေး ဆွေးနွေးခဲ့တယ်လို့  ပြောပါတယ်။

ဒါ့အပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ရှမ်းနဲ့ ရခိုင်ပြည်နယ်မှာ ကျင်းပခွင့်ရဖို့ အစိုးရနဲ့ ညှိုနှိုင်းနေဆဲ ဖြစ်တယ်လို့ KNU အထွေထွေ အတွင်းရေးမှုး ပဒိုစောတာဒိုမှုးက ပြောပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကျင်းပပြီးမှသာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်မှာဖြစ်တဲ့အတွက် အစိုးရနဲ့ တွေ့ဆုံဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား အကြိုညှိုနှိုင်းဆွေးနွေးကြတာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့