လိုအပ်ချက်ရာနှုန်းပြည့်ရမှ လက်ခံနိုင်တဲ့ နိုင်ငံရေးအဖြေလို့ သဘောမထားဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

2016-07-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ ခေါင်းဆောင်တွေ ဇူလိုင်လ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးကြစဉ်
အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ ခေါင်းဆောင်တွေ ဇူလိုင်လ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးကြစဉ်
Photo: Aung Myo Myint/RFA

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မိမိလိုအပ်ချက်ရာနှုန်းပြည့်ရမှ လက်ခံနိုင်တဲ့ နိုင်ငံရေးအဖြေ လို့ သဘောမထားဘဲ သမာသမတ်ကျတဲ့ နိုင်ငံရေးအဖြေရဖို့သာ ရှေးရှုသင့်တယ်လို့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး က တိုက်တွန်းလိုက်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ စတင်ဆွေးနွေးရာမှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက. အဖွင့်မိန့်ခွန်းမှာ အခုလို ထည့် သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“မိမိတို့ရဲ့ နိုင်ငံရေး လိုလားချက် နိုင်ငံရေးဆွေးနွေးမှု တောင်းဆိုချက်များဟာ ပကတိတိုင်းပြည်ရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေကိုက်ညီပြီး သက်ဆိုင်ရာ အစုအဖွဲ့များအားလုံးက လက်ခံနိုင်တဲ့ လက်တွေ့ကျပြီး အကောင် အထည်ဖော်နိုင်တဲ့ နိုင်ငံရေးအဖြေကိုရရှိဖို့ လိုအပ်ပါတယ်၊ ဆိုလိုတာက မိမိလိုအပ်ချက် အကုန်လုံးရမှ လက်ခံနိုင် တဲ့ နိုင်ငံရေး အဖြေမဟုတ်ဘဲ သမာသမတ်ကျတဲ့ နိုင်ငံရေးအဖြေကိုရရှိဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်”

ဒီအစည်းအဝေးကို KNU ကရင်အမျိုးသားအစည်းအရုံး၊ CNF ချင်းအမျိုးသားတပ်ဦး၊ ABSDF မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ၊ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်၊ ALP ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီနဲ့ DKBA ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော်က ခေါင်းဆောင်တွေ တက်ရောက် ဆွေးနွေးနေကြပါတယ်။

ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသမှာ အခုလ ၂၆ ရက်နေ့ကျင်းပမယ့် “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး” ရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကိုလည်း ဒီကနေ့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

တိုင်းရင်းသား အားလုံး အနှစ် ၅၀/၆၀ အတွင်း ၇ခဲလှတဲ့ အခွင့်အရေး ကို လက်လွတ် မခံ ဘို့ အရေးကြီးပါတယ်။ ဒီတခါ လက်လွတ်ရင် နောက် ဘယ်လောက် ကြာမှ အခွင့်အရေးပြန်ရမယ် ဆိုတာ မသိဘူး။ အခြေခံ သဘောတူလောက်တာလေးရရင် နောင်မှ တဖြည်းဖြည်း တိုးတက်အောင် လုပ်ယူရင် ရမှာပါ။

Jul 19, 2016 08:46 PM

အမြင်ကျယ်သည့်ခေါင်းဆောင်ဆိုသည်မှာ

NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေက အမြင်ကျယ်တယ် ပြည်သူအကျိုးတိုင်းပြည်
အကျိုး အနာဂါတ်မျိုးဆက်အကျိုးကိုကြည့်
ပီး ရိုး၂ဖြောင့်၂မှန်၂ကန်၂သွားတယ်။
ဖြစ်သင့်တာ ဖြစ်နိုင်တာ ကိုသာလုပ်တယ်
အလုံးစုံပီးပြည့်စုံသည့် စိတ်ကူးယဉ်လောက နိဗာန် ဖက်ဒရယ်ထဲမှာတဖက်သတ်နစ် မြောမနေပဲလိုခြင်တာပဲတောင်းမနေပဲ အစိုးရနဲ့အပြန်လှန်ညှိနိုင်း ဆွေးနွေးပီး ၂ဦး၂ဖက်လက်ခံနိုင်မည့် ဖက်ဒရယ်လမ်းကို သာသွားပါသည်။ရလဒ်အနေဖြင့်ယင်းဒေသရှိပြည်သူအားလုံးသည်အေးချမ်းမူငြိမ်းချမ်းမူအသီးပွင့်ကိုစတင်ခံစားနေကြရပါပီ

Jul 19, 2016 08:16 AM

ဆိုက်တခုလုံးသို့