မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှု ND-Burma အဖွဲ့ သတင်းထုတ်ပြန်

ပြီးခဲ့တဲ့ ၂၀၁၁ မတ်လကနေ ၂၀၁၂ မတ်လအထိ တနှစ်တာ ကာလအတွင်း လက်ရှိအစိုးရနဲ့ အစိုးရကို ထောက်ခံသူတွေက ကျုးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း (၄၁၅) မှု ရှိတယ်လို့ ထိုင်းနယ်စပ် အခြေစိုက် မြန်မာနိုင်ငံ လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် ND-Burma အဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

2012.05.09
nd-burma-report-b305 မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေကို ND-Burma အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပါသည်။
RFA

အဲဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ လယ်ယာမြေ အသိမ်းဆည်းခံရမှုနဲ့ မိသားစုပိုင် ပစ္စည်းတွေ အဓမ္မ သိမ်းဆည်းခံရမှုပေါင်း ၁၁၄ မှု၊ ညှဉ်းပန်းနှိပ်စက်ခံရမှုက ၈၅ မှုနဲ့ အဓမ္မ စေခိုင်းမှုပေါင်း ၅၉ မှု ရှိတယ်လို့ ND-Burma အဖွဲ့က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တရပ် ပေါ်ပေါက်လာတယ် ဆိုပေမယ့် လွတ်လပ်စွာ လုပ်ဆောင်ခွင့် မရသလို၊ အဲဒီကော်မရှင် ရှိတယ်ဆိုတာတောင် တိုင်းရင်းသားဒေသတွေမှာ အသေအချာ မသိကြဘူးလို့ ND-Burma ကွန်ယက် စီမံခန့်ခွဲမှုအဖွဲ့ဝင် မမွန်းနေလီက RFA ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ လျှော့ကျသွားဖို့ဆိုရင် ဥပဒေစိုးမိုးမှု ရှိဖို့လိုကြောင်းနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူတွေကို လွတ်လပ်စွာ လေ့လာလုပ်ဆောင်ခွင့် ပေးဖို့လိုကြောင်း ND-Burma ကွန်ယက်က တိုက်တွန်းလိုက်ပါတယ်။

ND-Burma ကွန်ယက် စီမံခန့်ခွဲမှု အဖွဲ့ဝင် မမွန်းနေလီကို RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။