မြေယာ ပြဿနာဖြေရှင်းရေး NDF ဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံတဝှမ်းက လယ်မြေ သိမ်းယူခံထားရတဲ့ တောင်သူ လယ်သမားများအတွက် နေပြည်တော် လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ မြေယာ ပြဿနာ ဖြေရှင်းရေး ကော်မရှင်ကို ကူညီတင်ပြပေးဖို့ NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဝင် (၂၀၀) နီးပါးလောက် ရန်ကုန်မြို့ စီးတီးစတား ဟိုတယ်မှာ ဒီကနေ့ ဆွေးနွေးပွဲ ကျင်းခဲ့ပါတယ်။

2012.08.22

သိမ်းယူခံထားရပြီးနောက် အကောင်အထည် မဖော်နိုင်တဲ့ စီမံကိန်းတွေ၊ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အားလုံးကို လွှတ်တော်မှာ တင်ပြနိုင်ဖို့ ဒီဆွေးနွေးပွဲ ကျင်းပရတာ ဖြစ်တယ်လို့ NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆွေးနွေးပွဲမှာ RFA ကို ပြောကြားခဲ့ပါတယ်။

"တပ်ရင်း တပ်ဖွဲ့တွေ၊ ကုမ္ပဏီတွေ၊ စက်ရုံတွေကနေပြီးတော့ကာ တကယ်တမ်း သိမ်းထားပြီးတော့ တကယ် အလုပ်မလုပ်ပဲနဲ့ ပြည်သူ့အခွင့်အရေး ဆုံးရံှူးနေတာကို ဖော်ထုတ်ပြီးတော့ ကော်မရှင်သိအောင် ပြောကြားဖို့အတွက် ဒီနေ့ပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ်"

အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်စတဲ့ ပြည်နယ်နဲ့တိုင်း ဒေသအသီးသီးက NDF ပါတီဝင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေလည်း သတင်းရယူခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။