NDF ပါတီက လူငယ်အဖွဲ့တွေ ဖွဲ့တော့မည်
2011.11.16
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်ကာ ရွေးကောက်ပွဲ ဝင်ရောက်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ မန္တလေးရုံးခွဲ ဖွင့်ပွဲကို သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
လူငယ်လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့တွေကို ၂၀၁၁ ခု ဇန်နဝါရီ အတွင်း တစ်နိုင်ငံလုံး အပြီးသတ် ဖွဲ့စည်းသွားမှာ ဖြစ်ကြောင်း NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောကြားပါတယ်။
ဒီအတောအတွင်း NDF ပါတီရဲ့ ကချင်ပြည်နယ် ရုံးခွဲကို လာမဲ့ ၁၉ ရက်မှာ မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။ NDF ပါတီကို ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အင်န်အယ်လ်ဒီပါတီ ခေါင်းဆောင်ဟောင်း တချို့က
တည်ထောင်ထားတာ ဖြစ်ပါတယ်။









