ပုံစံသစ် စာတိုက်ပုံး ၂၅၀ ဂျပန်အကူအညီနဲ့ စတင်တပ်ဆင်မည်

2017-06-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးသုံးမြို့မှာ ပုံစံသစ် စာတိုက်ပုံးပေါင်း ၂၅၀ စတင်တပ်ဆင်တော့မယ်လို့ ဂျပန်တိုင်းမ် သတင်းစာက ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ စာတိုက်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ ၂၀၀၃ ခုနှစ်က ဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့အကူအညီနဲ့ ဒစ်ဂျစ်တယ်စနစ်ကိုပြောင်းလဲပြီး၊ စာတိုက်ဝန်ထမ်းတွေရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

ဒီစီမံကိန်းဖွင့်ပွဲအခမ်းအအနားကို ရန်ကုန်မြို့မှာ အင်္ဂါနေ့က စတင်ဖွင့်လှစ်ခဲ့ပြီး၊ မြန်မာနိုင်ငံတ၀ှမ်းက စာတိုက်ပေါင်း ၁၃၈၁ ခု ကို တိုးချဲ့သွားမယ်လို့ စာတိုက်နဲ့ကြေးနန်း ညွှန်ကြားရေးမှူး ဦးခမ်းအောင်က ပြောပါတယ်။

အခု စတင်တဲ့ မြို့ကြီး သုံးမြို့မှာ မှတ်ပုံတင် အမြန်ချောစာတွေ အရင်က သုံးလေးရက်ကြာခဲ့ရာက အခုတရက်သာကြာတော့မယ်လို့ ဆိုပါတယ်။

ပုံစံသစ်စာတိုက်ပုံးတွေမှာ စီးပွားရေးကြော်ငြာတွေအတွက်လည်းနေရာရှိနေပြီး၊ ဈေးသက်သက် သာသာနဲ့ ကြော်ငြာနိုင်တယ်လို့ သိရပါတယ်။ အခုအခါ ရှေ့ပြေးစာတိုက်ပုံးသစ် ၂၅၀ ထဲက ၁၀၀ ၀န်းကျင် တပ်ဆင်ပြီးပြီလို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့