ဒေါ်အောင်ဆန်းစုကြည်ကို ကန် အရာရှိတွေ ဝေဖန်

2018-09-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲမှာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ကတွေ့ရစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲမှာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ကတွေ့ရစဉ်
Photo: World Economic Forum

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရိုက်တာသတင်းထောက်တွေ ထောင်ဒဏ်အပြစ်ပေးခံရ တာဟာ သတင်းထောက်တွေဖြစ်လို့ မဟုတ်ဘဲ အစိုးရလှို့ဝှက်ချက် ဥပဒေကို သူတို့ ချိုးဖေါက်ခဲ့ကြောင်း တရားရုံး က ဆုံးဖြတ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ ပြောကြားခဲ့တာ နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley နစ်ကီး ဟေးလီ က လူမျိုးတုံးရှင်းလင်းမှု ဖေါ်ထုတ်ခဲ့သူတွေ ထောင်ဒဏ်အပြစ်ပေးခံရတာကို တရားမျှတလေဟန် ပြောဆိုခဲ့တဲ့အတွက် မယုံကြည်နိုင်စရာပါပဲ လို့ မနေ့က ဝေဖန်လိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Derek Mitchell ဒဲရက် မစ်ချယ် ကလည်း တရားဥပဒေ စိုးမိုးရေးဆိုတာ လုပ်ငန်းစဉ် တခုသက်သက်မျှ မဟုတ်ပါဘူး။ တရားသူကြီးတယောက် စားပွဲမှာ ထိုင်နေရုံ စွဲချက် တင်သူတွေ၊ တရားခံရှေ့နေတွေ၊ ဥပဒေတွေ ရှိနေရုံမျှနဲ့ တရားဥပဒေစိုးမိုးနေပြီ ပြောလို့မရပါဘူး။ တကယ်လို့သာ တရားဥပဒေစိုးမိုးရေးကို အဲဒီလို အဓိပ္ပါယ်ဖွင့်မယ်ဆိုရင် မြန်မာပြည်မှာ တရားဥပေဒစိုးမိုးရေးဟာ စစ်အစိုးရ လက်ထက်ကတည်းက ရှိနေခဲ့တယ်ဆိုပြီး ပြောနိုင်ပါတယ်လို့ မနေ့က ဝေဖန်လိုက်ပါတယ်။

လက်ရှိမှာ National Democratic Institute (NDI) ခေါ် အမေရိကန်ပြည်ထောင်စု အမျိုးသား ဒီမိုကရက်တစ် သိပ္ပံရဲ့ ဥက္ကဌဖြစ်တဲ့ ဒဲရက်က အမှန်တကယ်ပြောရရင် မြန်မာပြည်မှာ တရားဥပဒေစိုးမိုးရေး တင်မကဘဲ တရား မျှတမှုပါ လိုအပ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲဒီ စကားကို ပြောချိန်တန်ပါပြီ။ တရားမျှတမှုမရှိရင် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလည်း ရှိမှာမဟုတ်သလို ပြီးခဲ့တဲ့ အနှစ် ၃ဝ လုံးလုံး သူမ လုပ်ကိုင်ခဲ့တာ မှန်သမျှလည်း အလဟဿ အချည်းနှီးဖြစ်ရပါလိမ့်မယ်လို့ RFA ကို ပြောပါတယ်။

တဆက်တည်းမှာပဲ ဒီ ရိုက်တာသတင်းထောက်တွေ အမှုမှာ တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခုခံလျှောက်လဲသူတွေဘက်က အထောက်အထားတွေကို သိချင်တယ်ဆိုရင် အလွယ်ကလေးပါ။ တရားခံတွေရဲ့ ရှေ့နေတွေ၊ ဒါမှမဟုတ် ရိုက်တာသတင်းဌာနနဲ့ တခြားသူတွေကို မေးလိုက်ရုံပါပဲလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Derek Mitchell ဒဲရက် မစ်ချယ် က ဝေဖန်ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူတဦးကလည်း ရိုက်တာသတင်းထောက်တွေ အပြစ်ပေးခံရတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက် အများအပြားကို မိမိတို့ သဘောမတူကြောင်း၊ သတင်းထောက်တွေကို အမှုဆင်ဖမ်းဆီးခဲ့တယ် ဆိုတာကို ရဲအရာရှိတဦးကိုယ်တိုင်က ဝန်ခံထွက်ဆိုခဲ့ကြောင်း၊ အခုလို စီရင်ချက်ကြောင့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် မျှတလွတ်လပ်မှု ဘယ်လောက်ရှိသလဲဆိုတာ စိုးရိမ်မိကြောင်းနဲ့ သတင်းထောက်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ပြောပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

Please remember that she is accounting for the crime committed by 25% of military government who is sitting boldly on the chair and are fully responsible for the crime. She is not the one to be blamed for. By now, the military should do something about it and appreciate the love of Aung San Suu Kyi for the country and her courage and leadership skill. Even though she has 75% rights or power yet she bears 100% of criticism and blame. I really feel sorry for her.

Sep 15, 2018 08:42 AM

ဆိုက်တခုလုံးသို့