သွေးကူညီရေးအဖွဲ့က သက်မွေးဝမ်းကျောင်း သင်တန်းဖွင့်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တွေရဲ့ BG ခေါ် သွေးအကူအညီပေးရေး အဖွဲ့က မူလတန်း ကလေးတွေနဲ့ မိဘမဲ့ လေလွင့်ကလေးတွေ အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းကို ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်းမှာ မနေ့က ဖွင့်လှစ်လိုက် ပါတယ်။

2011.07.18
bg-training2-305 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တွေရဲ့ BG ခေါ် သွေးအကူအညီပေးရေး အဖွဲ့က မူလတန်း ကလေးတွေနဲ့ မိဘမဲ့ လေလွင့်ကလေးတွေ အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ဖွင့်လှစ်သည့် အခမ်းအနား ဖြစ်ပါသည်။ ဓါတ်ပုံ- nldburma
nldburma.org

သင်ပေးမယ့် ပညာတွေကတော့ မူလတန်းကျောင်း သင်ခန်းစာတွေ အပြင်၊ အခြေခံ ကွန်ပျူတာ သင်တန်း ပါသလို၊ ဆံပင်ညှပ်၊ ဂဟေဆော်၊ စက်ချုပ် စတဲ့ သက်မွေးဝမ်းကျောင်းမှု အတတ်ပညာ ၉ ရပ် ပါဝင်မှာ ဖြစ်တယ်လို့အဲဒီသင်တန်းကျောင်းနဲ့ ပတ်သက်လို့ ဦးဆောင်နေတဲ့ BG သွေးကူညီရေး တာဝန်ခံ ကိုညီညီက RFA ကို ပြောပါတယ်။

မနေ့ မနက်က ကျင်းပတဲ့ ကျောင်းဖွင့်ပွဲကို NLD ဒုဥက္ကဌ ဦးတင်ဦး တက်ရောက် ဖွင့်လှစ်ပေးခဲ့သလို အနုပညာရှင်တွေ ဖြစ်ကြတဲ့ အဆိုတော် ဆောင်းဦးလှိုင်၊ တေးရေး ကိုရဲလွင်၊ ကိုညီညီလွင်၊ ကိုညီထွေး၊ ဟစ်ဟော့ အဆိုတော် ဇေယျာသော်တို့လည်း တက်ရောက် အားပေးခဲ့ပါတယ်။

ဒီသင်တန်းကျောင်း ကိစ္စနဲ့ပတ်သက်လို့ BG သွေးကူညီရေးတာဝန်ခံ ကိုညီညီ ကို ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းခဲ့ ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။