အခုတပတ် သောကြာနေ့မှာ NLD ပါတီ မှတ်ပုံတင်ဖို့ရှိ
2011.11.20
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဌာနချုပ်တွင် မတ်လ ၂၉ ရက်က ပါတီ မှတ်ပုံတင်ရေး၊ မတင်ရေး ခေါင်းဆောင်များ ဆွေးနွေးနေစဉ် ရုံးအပြင်တွင် ပါတီဝင်များက ဆုံးဖြတ်ချက်ကို စောင့်မျှော်နေခြင်း ဖြစ်ပါသည်။ (Photo: RFA)
RFA
အန်လ်အယ်ဒီ ပါတီ အနေနဲ့ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ် အဖြစ် ရွေးချယ်ရာမှာ လူငယ်တွေနဲ့ တိုင်းရင်းသားတွေကို ဦးစားပေးမယ်လို့ သိရပါတယ်။ ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ ရှိပေမယ့် ဘယ်မြို့နယ်က ဝင်ရောက် ယှဉ်ပြိုင်မယ်ဆိုတာ လတ်တလော မဆုံးဖြတ်ရသေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲ အတွက် ပြည်သူ့ လွှတ်တော်မှာ နေရာ (၄၀)၊ အမျိုးသားလွှတ်တော်မှာ (၆)နေရာနဲ့ တိုင်းဒေသကြီးမှာ (၂) နေရာ - စုစုပေါင်း (၄၈) နေရာ လစ်လပ်လျှက် ရှိပြီး၊ အန်အယ်လ်ဒီ ပါတီ အနေနဲ့ လစ်လပ်နေရာ (၄၈) ခုလုံးမှာ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
ပါတီမှတ်ပုံတင်မယ့် ကိစ္စ၊ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေမှု အခြေအနေတွေနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









