ပါတီမှတ်ပုံတင်ရေး အင်န်အယ်လ်ဒီ ဆွေးနွေး
2011.11.22
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မှတ်ပုံပြန်တင်မည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်ရုံးချုပ်တွင် NLD လူငယ်ရေးရာ တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားစဉ်။
NLD
မှတ်ပုံတင် လျှောက်ထားဖို့ တာဝန်ရှိသူနှစ်ဦး ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ဒီအပတ်ထဲမှာ သွားမယ်လို့ ဆိုပါတယ်။
ဒီကနေ့အစည်းအဝေးကို ဗဟိုအလုပ်အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ အဖွဲ့ဝင် ဆရာဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးဉာဏ်ဝင်း၊ ဦးအုံးကြိုင်၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်နဲ့ ဦးထွန်းထွန်းဟိန်တို့ စုံစုံညီညီ တက်ကြပါတယ်။









