NLD နဲ့ ၈၈ တို့က အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တောင်းဆို

လတ်တလော ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂလီ ရိုဟင်ဂျာတွေ အကြား ပြန်လည် ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ပဋိပက္ခတွေ အဆုံးသတ်ရေး နဲ့ တည်ငြိမ်အေးချမ်းမှု အမြန်ဆုံး ရရှိရေးအတွက် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့က ဒီကနေ့ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်လိုက်ပါတယ်။

2012.10.25
88-press-conference-b305 အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်မြောက်လာကြသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ သတင်းစာရှင်းလင်းပွဲကို ၂ဝ၁၂ ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်စင်တာတွင် ပြုလုပ်စဉ်။
RFA

ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦးနဲ့ အမ်းမြို့တွေမှာ အခုရက်ပိုင်းအတွင်း ထပ်မံ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူတွေ အများအပြား ရှိနေတာကို ဝမ်းနည်းဖွယ် ကြားသိရကြောင်း၊ အစိုးရနဲ့ လုံခြုံရေး တာဝန်ရှိသူတွေ အနေနဲ့ အခုထက် ပိုပြီး ထိရောက်တဲ့ လုပ်ဆောင်မှုတွေ အမြန်ဆုံး ဆောင်ရွက်ကြဖို့ NLD က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ကြေညာချက်မှာတော့- ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားရေးအတွက် ရဟန်းရှင်လူ မိဘပြည်သူ၊ ကျောင်းသား ကျောင်းသူတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူ အားလုံး ဝိုင်းဝန်းကူညီ ထိန်းသိမ်းပေးကြဖို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ တိုင်းရင်းသား လူမျိုးတွေဟာ အကြမ်းဖက်သမားတွေ မဟုတ်သလို နောက် ကြုံတွေ့လာနိုင်တဲ့ ပြဿနာ အရပ်ရပ်ကိုလည်း ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ပါတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။