ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒခံယူပွဲ နေပြည်တော်မှာ ကျင်းပဖို့ NLD ပြင်ဆင်


2013.11.14

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆောင်ရွက်နေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မလား၊ အသစ်ရေးမလားဆိုတဲ့ ဆန္ဒကောက်ခံပွဲကို နေပြည်တော်မှာလည်းကျင်းပဖို့ ပြင်ဆင်နေပါတယ်။

အဲဒီဆန္ဒကောက်ခံပွဲကို လာမယ့်သတင်းပတ် နိုဝင်ဘာလ ၁၈ ရက် တနင်္လာနေ့မနက်မှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာ ကျင်းပမှာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မယ်လို့ ဥတ္တရသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက RFA ကိုပြောပါတယ်။

"၁၈ ရက် တနင်္လာနေ့ပေါ့လေ၊ ဇမ္ဗူသီရိမြို့နယ် အောင်သပြေရပ်ကွက်မှာလုပ်ပါမယ်၊ ၈ နာရီခွဲကနေ ၁ဝ နာခွဲအထိ၊ အဲဒီပွဲကိုလည်း ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပါမယ်၊ နောက်ကျနော်တို့အဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်များကလည်း အခြေခံဥပဒေနဲ့ ပတ်သက်လို့ သက်ဆိုင်တဲ့အချက်အလက်တွေကို ဟောပြောဖို့လည်းရှိပါတယ်"

ကျင်းပမယ့်နေရာက ကွင်းပြင်ကျယ်ဖြစ်တဲ့အတွက် လူသောင်းနဲ့ချီဆန့်မှာဖြစ်လို့ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းက NLD ပါတီဝင်တွေ၊ ဒေသခံပြည်သူတွေလည်း တက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မလား၊ အသစ်ရေးမလားဆိုတဲ့ ဆန္ဒကောက်ခံပွဲနဲ့ ပတ်သက်လို့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းခဲ့ပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။