BG သွေးကူညီရေးအဖွဲ့ သင်တန်းအသစ် ဖွင့်လှစ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးစီးဖွင့်လှစ်ထားတဲ့ BG သွေးကူညီရေးအဖွဲ့ကနေ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် အန်အယ်လ်ဒီ အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းမှာ လူငယ်တွေအတွက် ဒီကနေ့ သင်တန်းအသစ် ၂ ခု ဖွင့်လှစ်ပွဲ ကျင်းပခဲ့ပါတယ်။

2012.04.09
bg-opening-u-tin-oo-b305 ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၇ ရက်က BG အသက်မွေးဝမ်း ပညာသင်ကြားရေး၊ ပညာဒါနကျောင်းဖွင့်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးက အမှာစကား ပြောကြားနေစဉ်။
Photo courtesy of NLD

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးစီးဖွင့်လှစ်ထားတဲ့ BG သွေးကူညီရေးအဖွဲ့ကနေ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် အန်အယ်လ်ဒီ အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းမှာ လူငယ်တွေအတွက် ဒီကနေ့ သင်တန်းအသစ် ၂ ခု ဖွင့်လှစ်ပွဲ ကျင်းပခဲ့ပါတယ်။

ဒီကနေ့ ဖွင့်လှစ်လိုက်တာက ဆံပင်ညှပ်သင်တန်းနဲ့ အပ်ချုပ်သင်တန်းတွေ ဖြစ်ပါတယ်။ အခုဖွင့်လှစ်တဲ့ သင်တန်းတွေအားလုံးအတွက် ရန်ပုံငွေကို ဘီဂျီက ဈေးရောင်းရတာနဲ့ မတည်ထူထောင်ထားတာလို့ သင်တန်းကျောင်းက ဆရာမတစ်ဦးဖြစ်တဲ့ မစုဝေက ပြောပါတယ်။

အန်အယ်လ်ဒီပါတီ နာယက ဦးတင်ဦးက ဒီကနေ့ သင်တန်းဖွင့်ပွဲကို တက်ရောက်ပြီး အားပေးစကား ပြောခဲ့ပါတယ်။ အဲဒီ ဘီဂျီ အသက်မွေးဝမ်းကြောင်း သင်တန်းမှာ ဆရာ၊ ဆရာမ ၂၀ လောက်ရှိပြီး သင်တန်းသား ၇၀ လောက်ရှိပါတယ်။

ဘီဂျီအဖွဲ့ဟာ ဆင်းရဲနွမ်းပါးသူ၊ ကျောင်းမတက်နိုင်သူကလေးတွေအတွက် အန်အယ်လ်ဒီကနေ အခမဲ့ သင်တန်းတွေ ပို့ချပေးနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။