NLD မဲဆွယ်ပွဲ အနုပညာရှင်များ လိုက်ပါကူညီမည်

ပြင်ဦးလွင်၊ စစ်ကိုင်း၊ ပုလဲ၊ ပခုက္ကူမြို့နယ်တွေကို အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက် မဲဆွယ်တဲ့အခါ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တွေ အဆိုတော်တွေနဲ့ ဟာသပညာရှင်တွေ ရုပ်ရှင်ဒါရိုက်တာတွေ ကိုယ်တိုင် လိုက်ပါကူညီဖို့ ရှိကြောင်း သိရပါတယ်။

2012.02.27
assk-kawhmu-trip-b305 ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကော့မှူးမြို့နယ် ဝါသိင်္ခကျေးရွာသို့ ပါတီစည်းရုံးရေး ခရီးစဉ် သွားရောက်သည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ကြိုဆိုနှုတ်ဆက်စဉ်။
AFP

အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခုလို ဆုံးဖြတ်ခဲ့ကြတာလို့ ရုပ်ရှင်ဒါရိုက်တာ ဝိုင်းက အာအက်ဖ်အေကို ပြောပါတယ်။

“ကျွန်တော်တို့ အကြမ်းဖျင်းလျာထားချက်အရတော့ ကျွန်တော်ရယ်၊ ကိုလူမင်းရယ်၊ ဝေဠုကျော်ရယ်၊ ထွန်းအိန္ဒြာဗိုရယ်၊ ရုပ်ရှင်ထဲက။ နောက် ကျွန်တော်တို့ လူရွှင်တော် တစ်ယောက် နှစ်ယောက်နဲ့ သရုပ်ဆောင်ထဲက ရဲတိုက်ပါတယ်။ ဂီတဘက်မှာတော့ ကိုဆောင်းဦးပါမယ်။ သျှီ ပါမယ်။ ချစ်သုဝေပါမယ်။ နောက်ထပ်လည်း အနဂ္ဂပါမယ်။ သံသာဝင်း ပါမယ်။ နောက်ထပ် နှစ်ယောက် သုံးယောက်တော့ ခေါ်ဖို့ ရှိပါသေးတယ်ဗျ။ ကျွန်တော်တို့ အကြမ်းဖျင်း သတ်မှတ်တာကတော့ ရှစ်ရက်နေ့နောက်ပိုင်း ဆယ့်တစ်ရက်နေ့လောက် သတ်မှတ်ထားပါတယ်”

အနုပညာရှင်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆွယ်ခရီးစဉ်မှာ မဲပေးပုံပေးနည်း မမှားယွင်းရအောင် ပြည်သူတွေကို ပညာပေးရေး သရုပ်ဆောင်ပြသဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခြားသော အဆိုတော်တွေကလည်း အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဗွီစီဒီအခွေ ရိုက်ကူးတဲ့အခါ ကူညီသရုပ်ဆောင်ပေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံး ဟောပြောချက်တွေကို အစိုးရပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေ လာမယ့် မတ်လ ၂၂ ရက်နဲ့ ၂၄ ရက်တွေမှာ ထုတ်လွှင့်မယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-27 10:02

Great! It is absolutely true decision,a country is planing to persue the path of democracy, therefore,you can never ever exluded an "Icon of Democracy" who is been reconizing by the world.She can change the the country and the world.

Anonymous
2012-02-29 01:23

ဖြစ်သင့်တာကြာခဲ့ပါပြီ............*****

Anonymous
2012-02-27 13:25

VERY GLAD

Anonymous
2012-02-29 13:14

Excelent

Anonymous
2012-02-27 11:06

woww. great support for Democracy. we thanks all the artist who are brave enough to change the country. may God bless and protect all of them. Democracy is at your hand guys.

Anonymous
2012-02-27 14:59

Art for people's desires!

Anonymous
2012-02-27 20:39

Everybody standby your Generator and battery to watch TV at the time.