အစိုးရသစ် ရက်ပေါင်း ၁ဝဝ လုပ်ငန်းစဉ် NLD ဆွေးနွေး


2016.03.05
kyawwin-nld-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဝင်း ကို မတ်လ ၅ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

အစိုးရသစ်လက်ထက် ရက်ပေါင်း ၁ဝဝ အတွင်း ဘာတွေဆောင်ရွက်မယ်ဆိုတာတွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ စီးပွားရေးကော်မတီအဖွဲ့ဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ နေပြည်တော် က နှင်းဆီစံအိမ်မှာ ဆွေးနွေးခဲ့ကြပါတယ်။

အင်န်အယ်လ်ဒီပါတီရဲ့ စီးပွားရေးကော်မတီအဖွဲ့ဝင် ၈ ဦးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ အဲ့ဒီကော်မတီအဖွဲ့ဝင် ဦးကျော်ဝင်းက အခုလို ပြောပါတယ်။

"စီမံကိန်းဆိုတော့ လုပ်မယ့်လုပ်ငန်းစဉ်လေးတွေပဲ စီးပွားရေးလုပ်ငန်းလေးတွေပါ၊ ကျနော်တို့ စီးပွားရေးကော်မတီတွေကပါ၊ စီးပွားရေးကော်မတီအဖွဲ့ဝင်တွေ ဆွေးနွေးကြတာပါ၊ ကျနော်တို့ တိုင်းပြည်အတွက်ပဲ ဆွေးနွေးနေကြတာပါ၊ အဲ့ဒါပဲ ဆွေးနွေးကြတာပါ၊ ကျနော်တို့က အဓိကတော့ လောလောဆယ် နောင်အစိုးရသစ် တက်လာတဲ့အခါကျရင် ပြည်သူလူထုနဲ့ တိုင်းပြည်ကို ဘယ်လောက်အထိ မြန်မြန်ဆန်ဆန် အကျိုးပြုနိုင်မလဲကိစ္စတွေကို ပိုပြီးတော့ ဆွေးနွေးတာပါ ၊ နောက်တစ်ခါပေါ့ အခက်အခဲဖြစ်နိုင်တဲ့ အကျပ်အတည်းဖြစ်နိုင်ရတဲ့ကိစ္စတွေကတော့ တဖြေးဖြေးနဲ့ ကျနော်တို့ မျှမျှတတနဲ့ ပြည်သူတွေအတွက်လည်း အကျိုးရှိ၊ တိုင်းပြည်အတွက်လည်း အကျိုးရှိအောင် ကျနော်တို့ ရေရှည်စဉ်းစားပြီးသွားရမှာပါ၊ လောလောဆယ်ကတော့ ရက်တစ်ရာအတောအတွင်းမှာ ဘာတွေလုပ်မယ်ဆိုတာတွေ အဓိကထားဆွေးနွေးကြတာပါ"

ဒီနေ့ ဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်းအရာ အသေးစိတ်တွေကိုတော့ မပြောကြားခဲ့ပါဘူး။

ဒီကနေ့ အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ NLD ဗဟို အလုပ် အမှုဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးအောင်တို့လည်း ပါဝင်ပါတယ်။

မနက်ဖြန် မတ်လ ၆ ရက်နေ့မှာလည်း အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကို နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ကျင်းပမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။