NLD ပညာရေး ကွန်ရက် မြန်မာနိုင်ငံတဝှမ်း ခရီးဆက်

2013-04-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တဝိုက်မှာ ရှိတဲ့ ရွှေ့ပြောင်းမြန်မာကလေးငယ်တွေရဲ့ စာသင်ကျောင်းတွေအတွက် အလှူငွေများ သွားရောက်လှူဒါန်းစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တဝိုက်မှာ ရှိတဲ့ ရွှေ့ပြောင်းမြန်မာကလေးငယ်တွေရဲ့ စာသင်ကျောင်းတွေအတွက် အလှူငွေများ သွားရောက်လှူဒါန်းစဉ်
Photo : RFA

NLD ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ဟာ  ဒီရက်အပိုင်းအတွင်းမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တွေကို သွားရောက်ပြီး၊ ပညာရေးသင်ကြားမှု ဘာသာရပ်ဆိုင်ရာ  ဆွေးနွေး ပွဲတွေ ကျင်းပမယ်လို့ သိရပါတယ်။

နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ကျင်းပနိုင်ဖို့အတွက် ဒေသခံလူထုတွေရဲ့ ပညာသင်ကြားရေး အခြေအနေတွေကို သွားရောက်ဆွေးနွေးမှာဖြစ်တယ်လို့ အဲ့ဒီကွန်ရက်က ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါက်တာ သိန်းလွင်က RFA ကို ပြောပါတယ်။

"ရည်ရွယ်ချက်က ပညာရေးမူဝါဒအတွက် ကျောင်းဆရာတွေ၊ အငြိမ်းစား ကျောင်းဆရာတွေ၊ တိုင်းရင်းသား   ခေါင်းဆောင်တွေရော၊ ကျောင်းသားမိဘတွေရော၊ ဘာသာရေး အဖွဲ့အစည်းတွေရောပေါ့၊ သူတို့ရဲ့အယူအဆ ဘယ်လိုရှိတယ်ဆိုတာ ဆွေးနွေးပွဲလုပ်တာ"

ပြီးခဲ့တဲ့ရက်တွေက ပဲခူးနဲ့ မန္တလေးတိုင်းက ဒေသခံတွေနဲ့  သွားရောက်ဆွေးနွေးခဲ့ပြီး၊ တခြားပြည်နယ်နဲ့ တိုင်းတွေကိုလည်း ထပ်မံသွားရောက်ဖို့ရှိတယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကို လာမယ့်ဇွန်လအတွင်း ရန်ကုန်မြို့မှာကျင်းပဖို့ စီစဉ်ထားတဲ့အပြင် အဲဒီညီလာခံက ပညာရေးမူဝါဒမူကြမ်းရေးဆွဲပြီး  လွှတ်တော်ကိုတင်သွင်းမှာ ဖြစ်ပါတယ်။

ကွန်မင့်များ (3)
Share

Taing Chit

နေရပ်- Myanmar

We believe that this photo is not rude for the Sanghas. Hae' hae', Maung Ku is trying to persuade the innocent people who are sensitive and easy to persuade by use of religion to get votes for "kyant Phut" or to create the riots so as enable to get the reason to seize the power. You must be the dictator's follower or step son of the dictators.

Apr 24, 2013 09:24 PM

zhw

ပညာရေးကွန်ယက်ကဘာတွေဆွေးနွေးခဲ့တယ်။ ဘာတွေကိုဦးတည်တယ်။ ဘယ်လို့Roadmap နဲ့vision ရှိတယ်ဆိုတာတွေကို Facebook page ဖွင့်ပြီး inform လုပ်သင့်ပါတယ်။ ဒါမှနောင်အခါ support လုပ်တဲ့လူတွေပိုမိုရရှိလာပါမယ်လို့ထင်ပါတယ်။

Apr 24, 2013 11:19 AM

ေမာင္ကု

နေရပ်- ျမန္မာ

ဘာလဲကွ။ အမျိုုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူတွေက ရိုင်းလှချည်လား။ အစိုးရဖွဲ့တောင် ဖြစ်မလာသေးဘူး။ ဘာသာရေးကို မလေးမစား။ ရဟန်းသံဃာတော်ကို အောက်မှာ ရပ်ခိုင်းပြီး ဓာတ်ပုံရိုက်ခံရဲတယ်ကွာ။ ငါတော့ မဲမပေးတော့ဘူး။

Apr 24, 2013 08:04 AM

ဆိုက်တခုလုံးသို့