NLD ပညာရေး ကွန်ရက် မြန်မာနိုင်ငံတဝှမ်း ခရီးဆက်


2013-04-21
Share
nld-education-network-aid-305 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တဝိုက်မှာ ရှိတဲ့ ရွှေ့ပြောင်းမြန်မာကလေးငယ်တွေရဲ့ စာသင်ကျောင်းတွေအတွက် အလှူငွေများ သွားရောက်လှူဒါန်းစဉ်
Photo : RFA

NLD ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ဟာ  ဒီရက်အပိုင်းအတွင်းမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တွေကို သွားရောက်ပြီး၊ ပညာရေးသင်ကြားမှု ဘာသာရပ်ဆိုင်ရာ  ဆွေးနွေး ပွဲတွေ ကျင်းပမယ်လို့ သိရပါတယ်။

နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ကျင်းပနိုင်ဖို့အတွက် ဒေသခံလူထုတွေရဲ့ ပညာသင်ကြားရေး အခြေအနေတွေကို သွားရောက်ဆွေးနွေးမှာဖြစ်တယ်လို့ အဲ့ဒီကွန်ရက်က ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါက်တာ သိန်းလွင်က RFA ကို ပြောပါတယ်။

"ရည်ရွယ်ချက်က ပညာရေးမူဝါဒအတွက် ကျောင်းဆရာတွေ၊ အငြိမ်းစား ကျောင်းဆရာတွေ၊ တိုင်းရင်းသား   ခေါင်းဆောင်တွေရော၊ ကျောင်းသားမိဘတွေရော၊ ဘာသာရေး အဖွဲ့အစည်းတွေရောပေါ့၊ သူတို့ရဲ့အယူအဆ ဘယ်လိုရှိတယ်ဆိုတာ ဆွေးနွေးပွဲလုပ်တာ"

ပြီးခဲ့တဲ့ရက်တွေက ပဲခူးနဲ့ မန္တလေးတိုင်းက ဒေသခံတွေနဲ့  သွားရောက်ဆွေးနွေးခဲ့ပြီး၊ တခြားပြည်နယ်နဲ့ တိုင်းတွေကိုလည်း ထပ်မံသွားရောက်ဖို့ရှိတယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကို လာမယ့်ဇွန်လအတွင်း ရန်ကုန်မြို့မှာကျင်းပဖို့ စီစဉ်ထားတဲ့အပြင် အဲဒီညီလာခံက ပညာရေးမူဝါဒမူကြမ်းရေးဆွဲပြီး  လွှတ်တော်ကိုတင်သွင်းမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။