အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ NLD ရုံးချုပ်မှာ မြန်မာနှစ်ဆန်းနှစ်ရက် ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။

2012.04.18
nld-senior-person-b305 ၂၀၁၂ ခုနှစ် ဧပြီလ ၁၈ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ NLD ရုံးချုပ်တွင် သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပနေစဉ်။
RFA

ဒီအခမ်းအနားမှာ ဝါရင့် နိုင်ငံရေးသမားကြီးတွေဖြစ်တဲ့ သခင်သိန်းမောင်၊ သခင်သိန်းဖေ၊ သခင်ချန်ထွန်း၊ ဦးနိုင်ငွေသိမ်း၊ ဦးအုန်းမောင်တို့ အပါအဝင် သက်ကြီး နိုင်ငံရေးသမားကြီး ၃ဝ ဝန်းကျင်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အခမ်းအနား တက်ရောက်လာသူတွေက ကန်တော့ဖွယ်ပစ္စည်းတွေနဲ့ ဂါရဝပြုခဲ့ကြကြောင်း ဗဟိုကော်မတီဝင် ဒေါက်တာမေဝင်းမြင့်က ပြောပါတယ်။

ကန်တော့ခံ သက်ကြီး နိုင်ငံရေးသမားကြီးတွေ ကိုယ်စား NLD နာယက ဦးတင်ဦးက ဆုံးမသြဝါဒစကား ပြောကြားပြီး နှစ်သစ်ဆုတောင်းမေတ္တာ ပြန်လည်ပို့သ ပေးခဲ့ပါတယ်။

ဒီအခမ်းအနားကို NLD ပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးအောင်ရွှေနဲ့ ဦးလွန်းတင်တို့ ကျန်းမာရေး အခြေအနေကြောင့် တက်ရောက်နိုင်ခြင်း မရှိပေမယ့် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးသန်းထွန်းနဲ့ ဦးညွန့်ဝေတို့ တက်ရောက် ကန်တော့ခံခဲ့ကြပါတယ်။

ဒီသက်ကြီးဝါကြီး ပုဂ္ဂိုလ်တွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လှူဖွယ်ပစ္စည်းတွေ ပေးအပ်ခဲ့ပြီးနောက် NLD ပါတီဝင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။