သမ္မတအသစ်က အစိုးရဝန်ကြီးစာရင်း တင်ပြမည်

2016-03-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
Photo: RFA

နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခံထားရတဲ့ ဦးထင်ကျော်ဟာ အစိုးရဝန်ကြီးဌာန အမည်စာရင်းတွေနဲ့ ခန့်ထားမယ့် ဝန်ကြီးအရေအတွက်တို့ကို လာမယ့် မတ်လ ၁၇ ရက်နေ့မှာကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြမှာဖြစ်ပါတယ်။

အဲ့ဒီအခမ်းအနားအစီအစဉ်ကို လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးဆီ ဖြန့်ဝေထားပြီးပြီလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦဖေသန်းက ပြောပါတယ်။

" ၁၇ ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူက ပြည်ထောင်စုအစိုးရအရေ အတွက်နဲ့အညီ ပြည်ထောင်စုဝန်ကြီးဦးရေ လွှတ်တော်ကိုတင်ပြရမှာပေါ့၊ ဒါက သမ္မတကတော့ ကျမ်းသစ္စာ မကျိန်ရသေးဘူးဆိုတော့ ဒါပေမယ့် သူအနေနဲ့လုပ်ငန်းစဉ်တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၀/ ၂ အရ ဝန်ကြီးဌာနတွေရဲ့အရေအတွက်တွေကို သတ်မှတ်လို့ရတယ်၊ ဝန်ကြီးအရေအတွက်ကို သူ့အနေနဲ့ သတ်မှတ်လို့ရတယ်၊ အဲ့ဒီလုပ်ငန်းစဉ်ကို စပြီးတော့ အကောင်အထည်စဖော်မှာ"

လွှတ်တော်ကိုယ်စားလှယ်တွေက သမ္မတအသစ်ရဲ့ ဝန်ကြီးဌာနတွေသတ်မှတ်ချက်၊ သက်ဆိုင်ရာဝန် ကြီးဌာန အလိုက် ခန့်အပ်မယ့်ဝန်ကြီး အရေအတွက်ကို မတ်လ ၁၈ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

လက်ရှိမှာ အစိုးရဝန်ကြီးဌာန ၃၀ ကျော်ရှိပြီး ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီးဦးရေ ၉၀ နီးပါးရှိ နေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အစိုးရသစ်ဖွဲ့ရာမှာ ဝန်ကြီးဌာန ၂၀ ကျော်လောက်နဲ့ ဖွဲ့ စည်းမယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့