ကချင်ပြည်နယ် စစ်ဘေးသင့် တိုင်းရင်းသားတွေအတွက် အန်အယ်လ်ဒီ အလှူငွေ ပေးအပ်
2012.03.02
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။
RFA
ဒေါ်ဝင်းမြမြနဲ့အဖွဲ့ဟာ မြစ်ကြီးနားကနေတစ်ဆင့် မိုင်တိုင် ၄ စခန်းနားက နယ်ခြားစပ်တပ် (၁၀၀၃) တည်ရှိရာဒေသက ဒုက္ခသည်စခန်းကို သွားရောက်ပြီး တခြားစခန်းတွေအတွက်ပါ ကူညီခဲ့တာပါ။
ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်တစ်လျှောက်မှာ စုစုပေါင်း စစ်ပြေးဒုက္ခသည် ၃ သိန်း ၉ သောင်းလောက် ရှိနေတယ်လို့ ဒေါ်ဝင်းမြမြက ပြောပါတယ်။ တချို့နေရာတွေကို တရုတ်နိုင်ငံဘက်ကနေ
ပြန်လှည့်ဝင်ရတဲ့အတွက် အဲဒီဒေသတွေကို ကူညီရေးအဖွဲ့တွေရောက်ဖို့ ခက်ခဲသလို တရုတ်အာဏာပိုင်တွေကလည်း ကုလသမဂ္ဂအဖွဲ့တွေ အပါအဝင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့အဖွဲ့တွေဆိုရင်
ဝင်ခွင့်မပြုဘူးလို့ သိခဲ့ရကြောင်း ပြောပါတယ်။
ဒါပေမယ့် တရုတ်နယ်စပ်နဲ့နီးတဲ့ အဲဒီဒုက္ခသည်စခန်းတွေကို တရုတ်လူမျိုးတွေက အစားအသောက်၊ ခြုံစောင်နဲ့ တခြားပစ္စည်းတွေ လာရောင်းတာတွေရှိတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဒေါ်ဝင်းမြမြကို အာအက်ဖ်အေအဖွဲ့သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









