ရပ်စောက် NLD ကိုယ်စားလှယ် ကို ရွေးကောက်ပွဲနိုင်သူ အဖြစ် ကော်မရှင်ကြေညာ

2016-05-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
NLD ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော် ကို တွေ့ရစဉ်
NLD ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော် ကို တွေ့ရစဉ်
.

ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေရှိခဲ့တာကို သက်သေအထောက်အထားနဲ့ တွေ့ရှိရတဲ့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ရပ်စောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွှန့် ကို နေပြည်တော် ရွေးကောက်ပွဲကော်မရှင် က ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခဲ့ပြီး၊ အနိုင်ရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခိုင်ညီညီကျော် ကို ရွေးကောက်ပွဲမှာ အနိုင်ရရှိသူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဒီကနေ့ ဆုံးဖြတ်လိုက်လိုက်တယ်လို့ သိရပါတယ်။

ဒီလို ရှမ်းပြည်နယ် လွှတ်တော်အတွက် NLD လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ထပ်တိုးလာတာနဲ့ ပတ်သက်ပြီး NLD ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအဖွဲ့ဝင်နဲ့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က RFA ကို အတည်ပြုပြောကြားပါတယ်။

ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှာ ရွေးကောက်ပွဲအတွင်း ဗထူးတပ်နယ်တွင်းမဲရုံတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်လောင်းအတွက် မဲမသမာမှုတွေဖြစ်ပေါ်ခဲ့တဲ့တာကို ပြိုင်ဖက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခိုင်ညီညီကျော် က သက်သေအထောက်အထား အပြည့်အစုံနဲ့ တိုင်ကြားကန့်ကွက်အမှုဖွင့်ခဲ့ရာမှာ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ အခုလို အနိုင်ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

အဲဒီ လိုမသမာတဲ့လူ ကို လွှတ်တော် ကိုယ်စားလည် အဖြစ်က ရုပ်သိမ်း ရုံ နဲ့ မလုံလောက်ဘူး ရာဇ၀တ်မှု အရ အရေး ယူရမယ် ဒါမှ နောက် မသမာ မှု မလုပ်ရဲ မှာ။

May 12, 2016 08:43 PM

ဆိုက်တခုလုံးသို့