NLD လွှတ်တော်ရေးရာကော်မတီနဲ့ စာနယ်ဇင်းသမားတွေ တွေ့ဆုံ

2014-08-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
NLD လွှတ်တော်ရေးရာကော်မတီအဖွဲ့ဝင်တွေနဲ့ သတင်း သမားတွေ မီဒီယာဥပဒေနဲ့ ပတ်သက်ပြီး အကြံပြုဆွေနွေးပွဲကို သြဂုတ်လ ၂၈ ရက်နေ့က ကျောက်တံတားမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စွမ်းရည်မြှင့်ကျောင်းမှာ ပြုလုပ်စဉ်
NLD လွှတ်တော်ရေးရာကော်မတီအဖွဲ့ဝင်တွေနဲ့ သတင်း သမားတွေ မီဒီယာဥပဒေနဲ့ ပတ်သက်ပြီး အကြံပြုဆွေနွေးပွဲကို သြဂုတ်လ ၂၈ ရက်နေ့က ကျောက်တံတားမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စွမ်းရည်မြှင့်ကျောင်းမှာ ပြုလုပ်စဉ်
Photo: Kyaw Lwin Oo, Sann Maw Aung/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ လွှတ်တော်ရေးရာကော်မတီ အဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်တွေနဲ့ သတင်းသမားတွေဟာ သတင်းမီဒီယာ လွတ်လပ်ခွင့် ဥပဒေနဲ့ပတ်သက်တဲ့ အကြံပြုဆွေးနွေးပွဲဆိုတဲ့ ခေါင်းစဉ် နဲ့ဆွေးနွေးပွဲတစ်ခုကို ကျောက်တံတားမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စွမ်းရည်မြှင့် သင်တန်းကျောင်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ရေးရာကော် မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက အခုလိုပြောပါတယ်။

"ကျနော်တို့တိုင်းပြည်ရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အတွက် ပိုအကျိုးရှိမယ်လို့ ကျနော်တို့ထင်တယ်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ဆောင် ရွက်ပေးသင့်တဲ့ကိစ္စရပ်တွေကို လွှတ်တော်မှာ ဆက် လက်ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ အချက်အလက်ကောင်းတွေရနိုင်တယ်၊ ဒီအခြေအနေပေါ်မူတည် ပြီးတော့ ကျနော်တို့ ဆက်လက်ဆောင်ရွက်ပေးသင့်တဲ့ကိစ္စရပ်တွေကို ကျနော်တို့ ဆက်လက်ဆောင်ရွက် သွားမှာပါ၊ ဒီမှာရလာဒ်ကောင်းတွေ တော်တော်များများရလိမ့်မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်"

ဆွေးနွေးပွဲမှာ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ သတင်းမီဒီယာဥပဒေ၊ အများပြည်သူဝန်ဆောင်မှု ဥပဒေကြမ်း စတာတွေနဲ့ပတ်သက်ပြီး လွှတ်တော်အတွင်းမှာ ဆွေးနွေးပေးဖို့ သတင်းသမားတွေက တင်ပြခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေဟာ သတင်းသမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး လာမယ့် လွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းသွားဖို့ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် ဦးဥာဏ်ဝင်း၊ အန်အယ်လ်ဒီ လွှတ်တော်ရေးရာကော်မတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးဖြိုးမင်းသိန်း၊ ဒေါ်ခင်စန်းလှိုင်စတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ဦးဖေမြင့်၊ ဦးကျော်မင်းဆွေ၊ ဦးဇော်သက်ထွေးနဲ့ သတင်းသမား ၂၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လက ပြည်ထောင်စုလွှတ်တော်မှာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနဲ့ သတင်းမီဒီယာ ဥပဒေကြမ်းတို့ကို အတည်ပြုခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့