လွှတ်တော်ဥက္ကဌနဲ့ ဒုတိယ ဥက္ကဌနေရာတွေ ရွေးချယ် လိုက်ကြောင်းပြော

2016-01-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဦးဝင်းမြင့်(NLD)၊ ဦးတီခွန်မြတ်(USDP)၊ မန်းဝင်းခိုင်သန်း(NLD)နဲ့ ဦးအေးသာအောင်(ANP) တို့ကို တွေ့ရစဉ်
ဦးဝင်းမြင့်(NLD)၊ ဦးတီခွန်မြတ်(USDP)၊ မန်းဝင်းခိုင်သန်း(NLD)နဲ့ ဦးအေးသာအောင်(ANP) တို့ကို တွေ့ရစဉ်
Photo: RFA

လွှတ်တော်အသစ် တာဝန်တွေအတွက် ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် ဦးဝင်းမြင့်၊ ဒုဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် မန်းဝင်းခိုင်သန်းနဲ့ ဒုဥက္ကဋ္ဌအဖြစ် ရခိုင်အမျိုးသားပါတီက ဦးအေးသာအောင်တို့ကို ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုလိုက်ပြီဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။

winmyint-620.jpg

ဦးဝင်းမြင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်တိုင်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ် ပြီး ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေး ကာလတလျှောက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမြဲပါခဲ့ သူဖြစ်ပြီး လွှတ်တော်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမြဲတွေ့ရသူဖြစ်ပါတယ်။

tikhunmyat-620.jpg

လွှတ်တော် ၂ ရပ်ရဲ့ ဒုတိယဥက္ကဌ တာဝန်တွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ရခိုင်အမျိုးသားပါတီတွေက ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။

mahn-winkhaingthan-620.jpg

ဒီနေ့မနက် ပြည်ထောင်စုလွှတ်တော် ဇဗ္ဗူသီရိအစည်းအဝေးခန်းမဆောင်မှာ NLD ပါတီက ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အသစ်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာမှာလည်း အဲ့ဒီ ရွေးချယ်ထားတဲ့ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မယ့်သူစာရင်းကို အသိပေးခဲ့တယ်လို့ သိရပါတယ်။

ayetharaung-620.jpg

လာမယ့်လွှတ်တော်အသစ် အစည်းအဝေးတွေကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စတင်မှာဖြစ်ပြီး လက်ရှိမှာ လွှတ်တော်ကိုယ်စားလှယ်အသစ်တွေဟာ နေပြည်တော်မှာ ရောက်ရှိနေကြပြီဖြစ်ပြီး လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းတွေကို လေ့လာနေကြတာဖြစ်ပါတယ်။

ဦးအေးသာအောင်ကို RFA သတင်းထောက် ကိုဘုန်းမြတ် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့