တွံတေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကို NLD တရားစွဲ

ရန်ကုန်တိုင်း တွံတေးမြို့နယ်အတွင်းက ကျေးရွာတွေမှာ NLD ပါတီ ဆိုင်းဘုတ်တွေ ချိတ်ဆွဲရေးကို ရွေးကောက်ပွဲ ကော်မရှင်က တားဆီး ပိတ်ပင်နေတာဟာ လုပ်ပိုင်ခွင့်မရှိဘဲ NLD ပါတီရဲ့လုပ်ငန်းတွေကို ဟန့်တား နှောင့်ယှက်တာဆိုပြီး မြို့ခံ NLD ခေါင်းဆောင်တွေက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကို ဒီကနေ့ တရားစွဲဆို လိုက်ပါတယ်။

2012.08.13

တွံတေးမြို့နယ် NLD ပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းထွန်းက -

"တွံတေးမြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ညွန့်ကို ကျွန်တော်တရားတင် စွဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ်တွေ လိုက်ရောက် တင်တာကို ဟန့်တားနှောင့်ယှက်တယ်။ တားဆီး ပိတ်ပင်တာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က တရားတင်စွဲတာ"

ဒီအမှုကို မြို့နယ်တရားရုံးက အခုလ ၂၇ ရက်နေ့မှာ စတင် စစ်ဆေးမှာ ဖြစ်ပါတယ်။ တွံတေးဒေသခံ NLD ပါတီဝင်တွေဟာ ပါတီ စည်းရုံးရေးအတွက် ကျေးရွာတွေမှာ ဆိုင်းဘုတ်စိုက်ထူဖို့ကို ဒီလ ၃ ရက်နေ့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ထံ စာတင်ခဲ့တာကို ကော်မရှင်က ခွင့်မပြုဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။