NLD ဦးဥာဏ်ဝင်းအပေါ် ကော်မရှင်တရားစွဲဆိုမှု သက်သေ ၂၀ ခန့်ထွက်ဆိုမည်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်းကို သတင်းမှားထုတ်ပြန်မှုနဲ့ တရားစွဲထားတဲ့ကိစ္စ ကို နေပြည်တော်မှာ မနေ့က သက်သေတစ်ဦး စစ်ဆေးခဲ့ပါတယ်။
2012-06-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဒီအမှုမှာ နှစ်ဘက်သက်သေ အယောက် ၂၀ လောက် စစ်ဆေးမှာဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။

"သက်သေတစ်ယောက် စစ်တယ်။ မကုန်သေးဘူး။ ၅ နာရီမှ ပြီးပါတယ်ဗျာ။ သက်သေ နှစ်ဘက်ဆိုရင် ၂၀ လောက်ရှိတယ်ဗျ။ ဒါ information ကျွန်တော်ရလို့ ကျွန်တော်ပေးတာ။ ကျွန်တော် intentionally လုပ်တာ သူတို့ဘာမှ သက်သေမပြနိုင်ပါဘူး။ အလားအလာကတော့ ကျွန်တော့်ဘက်ကတော့ တော်တော်ကောင်းတာပေါ့ဗျ။ တရားရုံးက ဘာလုပ်မယ်ဆိုတာတော့ မသိဘူး"

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲလက်မှတ်တွေ ဖယောင်းသုတ်ထားလို့ မဲပေးတဲ့အခါ ဘောလ်ပင်ခြစ်လို့ မရပဲ ချော်နေတဲ့ဖြစ်ရပ်တွေ တွေ့ရတယ်လို့ အနယ်နယ်အရပ်ရပ်က သတင်းပေးပို့လာတဲ့ အတွက် ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားရတဲ့ ဦးဥာဏ်ဝင်းက ဒီအကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့သလို သတင်းမီဒီယာတွေမှာလည်း ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းမှားထုတ်ပြန်မှုနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်းကို တရားစွဲထားတာဖြစ်ပါတယ်။ ဇူလိုင်လ ၆ ရက်နေ့မှာ နောက်တခေါက် ရုံးချိန်းသတ်မှတ်လိုက်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ကွန်မင့်များ (4)
Share

Lovemyanmar

နေရပ်- Singapore

Stupid gov ,

Jun 28, 2012 07:16 AM

အမည်မဖော်လိုသူ

Truth remain truth,it will surely stand forever.Be bold enough to speak what is goingon.Let them know you don't like bad behavior in Myanmar.We hate dictatorship.

Jun 28, 2012 05:20 AM

အမည်မဖော်လိုသူ

Truth is truth.All must be bold enough to say the right,and to point out the wrong.Let
them know what you don't like at all.

Jun 28, 2012 05:15 AM

အမည်မဖော်လိုသူ

It's appear that NAWATA and KYUNTPHWUNT's plan to be down the inpression of NLD. Why a lot of informations about the wax on voting card from several medias. Check the live news.

Jun 28, 2012 04:52 AM

ဆိုက်တခုလုံးသို့