မော်လမြိုင်က မဲဆန္ဒနယ် ငါးနေရာလုံး NLD ပြန်နိုင်
2020.11.09
မော်လမြိုင်မြို့နယ်မှာ NLD အဖွဲ့ဝင်တွေ ၂၀၂၀ စက်တင်ဘာ ၈ ရက်နေ့က မဲဆွယ်စည်းရုံးစဉ်
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မော်လမြိုင်မြို့နယ်မှာ မဲဆန္ဒနယ် ငါးနေရာလုံးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က အနိုင်ရရှိခဲ့တယ်လို့ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။
မဲဆန္ဒနယ်အားလုံးမှာ မဲအပြတ်သတ်နဲ့ အောင်နိုင်ခဲ့တာဖြစ်ပြီး ဒုတိယအများဆုံး မဲရတဲ့ ပါတီကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဖြစ်ပါတယ်။
ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဒေါက်တာ ထိန်လင်းက ၅၈၃၃၉ မဲ၊ USDP က ဦးလွင်မိုး ၉၂၁၆ မဲ၊ မွန်ညီညွတ်ရေးပါတီ MUP က နိုင်ဝဏ္ဏစိုး ၆၆၂၁ မဲ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီက ဦးဗိုလ်မောင် ၃၂၁ မဲ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဦးအောင်ကိုကိုမျိုး ၁၈၁ မဲ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဦးအောင်နိုင်ဦး ၁၅၅ မဲနဲ့ တစ်သီးပုဂ္ဂလ ဒေါက်တာ လှဦး ၂၂၄၄ မဲ အသီးသီးရရှိခဲ့ကြပါတယ်။
ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) မှာ NLD က ဒေါ်နွယ်နွယ်အောင် ၅၀၆၇၁ မဲ၊ USDP က ဦးဝင်းမော်ဦး ၁၆၆၈၉ မဲ၊ မွန်ညီညွတ်ရေးပါတီ MUP က ဒေါက်တာ ဟိန်းပိုင်ထူးချစ် ၈၀၇၇ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီက ဦးတင်ဌေး ၁၁၉၂ မဲနဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက ဒေါ်နှင်းပွင့်ဖြူ ၁၆၉ မဲ ရပါတယ်။
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ NLD က ဦးနိုင်နွယ်စိုး ၁၁၀၃၈၂ မဲ၊ USDP က ဦးကျော်မြင့် ၂၇၇၅၆ မဲ၊ မွန်ညီညွတ်ရေးပါတီ MUP က ဦးဖုန်းဝင်း ၁၃၀၈၅ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက သူရဦးတင်နွယ် ၁၁၅၀ မဲ၊ အမျိုးသားတိုးတက်ရေးပါတီက ဦးသန့်ဇော် ၈၇၈ မဲတို့ ရခဲ့တာပါ။
အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၄) ဦးအေးမင်းဟန် ၅၉၅၁၅ မဲ၊ USDP က ဒေါ်ခင်မြင့်ထွေး ၉၇၃၀ မဲ၊ မွန်ညီညွတ်ရေးပါတီ MUP က ဒေါ်ဆွေဆွေထက် ၇၄၁၄ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက မျိုးမင်းအောင် ၄၅၆ မဲ ရခဲ့ပါတယ်။
အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) ဦးကိုကိုဦး ၅၀၈၉၇ မဲ၊ USDP က ဦးစိုးထွန်း ၁၆၉၈၆ မဲ၊ မွန်ညီညွတ်ရေးပါတီ MUP က ဒေါက်တာ ကြင်စွမ် ၇၈၆၄ မဲ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက ဦးလှဦး ၁၈၇ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဦးအောင်ကိုကို ၇၂၈ မဲ အသီးသီးရရှိခဲ့ကြပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ မော်လမြိုင်မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၁၆ ခုနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း တစ်ဦးရှိခဲ့ပါတယ်။
မော်လမြိုင်မြို့နယ်မှာ မဲရုံ ၁၁၉ ရုံရှိပြီး မဲပေးခွင့်ရှိသူ ၂၄၈၁၄၅ ဦးထဲမှာ မဲပေးခဲ့သူ ၁၅၄၈၆၆ ဦး ရာခိုင်နှုန်းအားဖြင့် မော်လမြိုင်မြို့နယ်မဲပေးခဲ့သူ ၆၂.၄၀၉ ရာခိုင်နှုန်းရှိတယ်လို့ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)









