NLD လူငယ်ညီလာခံ ကျင်းပမည်


2013.07.12

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြည်လုံးကျွတ် လူငယ်ညီလာခံ ကျင်းပပြီး၊ အဲဒီ ညီလာခံကနေ ပါတီ ခေါင်းဆောင်တွေ ရွေးချယ်မယ်လို့ သိရပါတယ်။

သက်ဆိုင်ရာဒေသတွေအလိုက် လူငယ်ညီလာခံတွေ ကျင်းပဖို့ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး၊ ပြည်လုံးကျွတ် လူငယ်ညီလာခံကို ပထမဆုံးအကြိမ်အဖြစ် လာမယ့်ဒီဇင်ဘာလအတွင်း ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံနိုင်ဖို့ လူငယ်တွေထဲကပဲ ရွေးချယ်ရမှာဖြစ်ပြီး၊ စွမ်းဆောင်ရည် ပြည့်ဝသူတွေကို ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဗဟိုညီလာခံကနေ ဆက်လက် ဆုံးဖြတ်ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒါကြောင့် ပါတီဝင် လူငယ်တွေ ပါတီလုပ်ငန်း အတွေ့အကြုံတွေ ရရှိစေရေးနဲ့ စွမ်းဆောင်ရည်ပြည့်ဝစေရေး အတွက် အဓိကရည်ရွယ် ကျင်းပတာဖြစ်ကြောင်း ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

ပါတီဝင်လူငယ်တွေကို ပညာရပ်ပိုင်း ဆိုင်ရာ စွမ်းဆောင်ရည်ပြည့်ဝနိုင်ဖို့အတွက် အဆက်မပြတ် လေ့ကျင့်သင် ကြားပေးနေပြီး၊ သက်ဆိုင်ရာဒေသတွေအထိလည်း သွားရောက် သင်ကြားပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ် လို့ လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။