ဒုတိယ ပင်လုံညီလာခံ ခေါ်ဖ့ို NLD နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကြေညာ
2010.10.24
၂၀၁၀ ရွေးကောက်ပွဲရလဒ်သည် အမျိုးသား ပြန်လည်သင့်မြတ်ရေး အပြောင်းအလဲ ဖြစ်လာနိုင်မည် မဟုတ်သည့်အတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရန် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းမှ စာပိုဒ်အချို့။ (Image: RFA)
(Image: RFA)
အဲဒီ ကြေညာချက်ကို ဦးဝင်းတင်၊ ဦးတင်ဦး စတဲ့ NLD ခေါင်းဆောင်တွေ၊ ဦးအေးသာအောင်၊ ဦးပူကျင်ရှင်းထန်၊ နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်း၊ စောဟာရီ၊ စိုင်းရွှေကြူး စတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့အတူ သခင်သိန်းမောင်၊ ဦညွန့်သိန်း စတဲ့ ဝါရင့် နိုင်ငံရေးသမားများ အပါအဝင် မြန်မာ့နိုင်ငံရေးမှာ ပါဝင် ပတ်သက်နေတဲ့ လူပုဂ္ဂိုလ် အမြောက်အမြားက လက်မှတ် ရေးထိုးထားတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကို ဦးခင်မောင်စိုး ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









