နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး NLD အရှိန်မြှင့်မည်
2011.05.19
အစိုးရသစ်၏ လွတ်ငြိမ်းသက်သာခွင့် အမိန့်အရ မေလ ၁၇ ရက်တွင် အင်းစိန် ဗဟိုအကျဉ်းထောင်မှ လွှတ်ပေးတော့မည့် အမျိုးသမီး အကျဉ်းသားတဦးက အကျဉ်းဦးစီးဌာနမှ ထုတ်ပေးသော လွတ်ငြိမ်းခွင့် အမိန့်လက်မှတ်ကို ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP
သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်တဦးက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အစိုးရမှာ အစီအစဉ် ရှိသေးကြောင်း ပြောဆိုချက်ဟာ လက်တွေ့မကျဘူးလို့လည်း ဦးဝင်းတင်က ဝေဖန်ပါတယ်၊ ဒါ့ပြင် နိုင်ငံရေး အကျဉ်းသားတွေဟာ အစိုးရ စိုးရိမ်နေသလို မတည်မငြိမ် ဖြစ်အောင် ဆူပူ နှောင့်ယှက်မဲ့သူတွေ မဟုတ်ပဲ၊ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အမျိုးသား အကျိုးစီးပွားအတွက် ပါဝင် ဆောင်ရွက်မဲ့သူတွေ ဖြစ်တယ်ဆိုတာ အစိုးရ အနေနဲ့ နားလည်သဘောပေါက်ပြီး သူတို့အားလုံးကို အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်တယ်လို့ ဦးဝင်းတင်က အလေးထား ပြောဆိုပါတယ်။
ဦးဝင်းတင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |









