UNFC ကို ကျောခိုင်းတာ မဟုတ်ကြောင်း NMSP ဥက္ကဌ ပြော

2018-02-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန် ကို နေပြည်တော်က Kempinski ဟိုတယ်မှာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန် ကို နေပြည်တော်က Kempinski ဟိုတယ်မှာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးတာဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကို ကျောခိုင်းတာ မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က ဒီနေ့ ပြောပါတယ်။

ဒီကနေ့ နေပြည်တော်က Kempinski ဟိုတယ်မှာ မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံးနဲ့ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းတို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ နိုင်ထောမွန်က ပြောခဲ့တာဖြစ်ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ မွန်ပြည်သစ်နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး ခေါင်းဆောင်တွေက NCA မှာ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ရတဲ့အကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့ပြီး နိပွန်ဖောင်ဒေးရှင်း တာဝန်ရှိသူတွေက အပစ်ရပ်လက်မှတ်ထိုးတာကို ကြိုဆိုကြောင်းနဲ့ ဆက်လက်ကူညီသွားမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။

NCA မှာ အားလုံးပါဝင်ရေးမူကို ကိုင်စွဲခဲ့တဲ့အတွက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှာ ကျင်းပခဲ့တဲ့ NCA စာချုပ်မှာ လက်မှတ်မရေးထိုးနိုင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ အခြေအနေတွေပေါ်မူတည်ပြီး လက်မှတ်ထိုးဖို့ ဆုံးဖြတ်လိုက်တာလို့ နိုင်ထောမွန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် NCA မှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေအပြင် တခြားလက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်လာအောင် ကြိုးပမ်းမယ်လို့လည်း ပြောပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

NMSP leader was extremely kicked out the CNF and PSLO from UNFC, because they signed the NCA in 2015. Now NMSP will sign the NCA and then dont want to leave the UNFC.

Feb 12, 2018 09:42 AM

ဆိုက်တခုလုံးသို့