မွန်ပြည်သစ်ပါတီ လူထုတွေ့ဆုံပွဲတွေ ကျင်းပမည်

2018-04-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မွန်ပြည်သစ်ပါတီအဖွဲ့ဝင်တွေကို ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်
မွန်ပြည်သစ်ပါတီအဖွဲ့ဝင်တွေကို ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

တပ်မတော်က တက်ရောက်မယ့် လူဦးရေကို ကန့်သတ်တာကြောင့် ရွှေ့ဆိုင်းထားရတဲ့ လူထုတွေ့ဆုံပွဲတွေကို မကြာခင်မှာ မွန်ပြည်နယ် ရေးချောင်းဖျားဒေသမှာကျင်းပဖို့ မွန်ပြည်သစ်ပါတီက ပြင်ဆင်နေပါတယ်။

ညီိစားစခန်းမှာ လူထုတွေဆုံပွဲလုပ်ဖို့ရှိတယ်လို့ ဖိတ်ကြားခံထားရတဲ့ မွန်ပြည်နယ် အရပ်ဖက်အဖွဲ့ကိုယ်စားလှယ် ဦးမင်းမင်းနွယ် က အတည်ပြု ပြောပါတယ်။

" ၉၊ ၁ဝ၊ ၁၁၊ ၃ ရက် ညီးစာမှာလုပ်မယ်၊ မွန်ပြည်သစ်ပါတီ NCA လက်မှတ်ထိုးထားခြင်အပေါ်မှာ လူထုတွေ့ဆုံပွဲအနေနဲ့ အဲဒီကိစ္စရပ်များကို ရှင်းလင်းပြီးတော့မှ အရပ်ဘက်အဖွဲ့အစည်းတွေပါတယ်၊ မွန်နိုင်ငံရေးပါတီတွေပါတယ်၊ မွန်ပြည်သစ်ပါတီပါတယ်၊ အစုအဖွဲ့တွေနဲ့ ကျနော်တို့က လူထုတွေဆုံပွဲ ကျင်းပဖို့အတွက် ကျနော်တို့က ဒီနေ့အစည်းအဝေးမှာ စီစဉ်ဆောင်ရွက်တာဖြစ်ပါတယ်၊ လူဦးရေ မကန့်သတ်ပါဘူး ပြီးခဲ့တဲ့ ကျနော်တို့ စီမံထားတဲ့ ပုံစံမျိုးအတိုင်းပဲ အဲလိုမျိုးပဲကျင်းပမှာပါ"မွန်ပြည် နယ် ရေးချောင်းဖျားဒေသက မွန်အမျိုးသားပညာရေး ဗဟိုဌာန အခြေစိုက်ရာ ညီစားစခန်းမှာ ဧပြီလ ၉ရက်ကနေ ၁၂ ရက်နေ့အထိ ၃ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီလူထုတွေဆုံပွဲအတွက် အရပ်ဖက်အဖွဲ့တွေကို ဖိတ်ကြားထားတာကြောင့် အဲဒီအစည်းအဝေးမှာ  ဆွေးနွေးမယ့် အကြောင်းအရာတွေကို  အရက်ဖက်အဖွဲ့တွေက ဒီနေ့ မော်လမြိုင်မြို့မှာ အကြိုဆွေးနွေးခဲ့ကြပါတယ်။

ပထမအကြိမ် လူထုတွေ့ဆုံပွဲကို သင်္ကြန်မတိုင်ခင်ပြုလုပ်ပြီး နောက်ထပ် လူထုတွေဆုံပွဲတွေကိုတော့ ရေးမြို့နယ် မှာ ကျင်းပမယ့် မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမတိုင်ခင် ပြုလုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

မွန်ပြည်သစ်ပါတီက လူထုတွေဆုံပွဲတွေကို သူတို့တပ်တွေ အခြေစိုက်ရာဒေသတွေမှာကျင်းပဖို့ မူလကစီစဉ် ခဲ့ပေမယ့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တွေ့ဆုံပွဲတစ်ခုကို လူဦးရေ ၂၅ ဦးထပ်မပိုရဘူးဆိုတဲ့ ကန့်သတ်ချက်ကြောင့် ရွေ့ဆိုင်းထားခဲ့ရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီ ၂ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင် နဲ့ တွေဆုံဆွေးနွေးပွဲအပြီးမှာ အခုလိုကျင်းပဖို့ စီစဉ်လာတာဖြစ်ပါတယ်။

ဒီလူထုတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီဘက်က တာဝန်ရှိသူတွေနဲ့ အစိုးရ ငြိမ်ချမ်းရေးကော်မရှင်က တာဝန်ရှိသူတွေကို အတည်ပြုဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့