ပြင်ဆင်ပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို NNER ဝေဖန်

2015-06-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ အင်းစိန်မြို့နယ် ခဝဲခြံ မျက်မမြင်ကျောင်းမှာကျင်းပတဲ့ NNER ဒုတိယအကြိမ် ညီလာခံရဲ့ သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၂ဝ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်မြို့ အင်းစိန်မြို့နယ် ခဝဲခြံ မျက်မမြင်ကျောင်းမှာကျင်းပတဲ့ NNER ဒုတိယအကြိမ် ညီလာခံရဲ့ သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၂ဝ ရက်နေ့က တွေ့ရစဉ်
Photo: Thiha Tun/RFA

ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေမှာ ကျောင်းသားတွေ တောင်း ဆိုထားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပညာရေးစနစ်နဲ့ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာဖွဲ့ွှစည်းခွင့် အချက်တွေ မပါဝင်ဘူးလို့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER တာဝန်ရှိသူတွေ က ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ အင်းစိန်မြို့နယ် ခဝဲခြံ မျက်မမြင်ကျောင်းမှာကျင်းပတဲ့ NNER ဒုတိယအကြိမ် ညီလာခံရဲ့ သတင်းစာရှင်းလင်းပွဲမှာ NNER အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ပြောပါတယ်။

"NNER နဲ့ ကျောင်းသားတွေလိုချင်တာက ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသောပညာရေးကို လိုချင်တယ်၊ လွှတ်တော် က ပြဌာန်းလိုက်တဲ့ဥပဒေက ဗဟိုချုပ်ကိုင်တဲ့ဥပဒေဖြစ်နေတယ်၊ ဒါဟာက အဓိက ကွဲလွဲချက်ဖြစ်နေ ပါတယ်၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိရမယ်၊ ကျောင်းသားတွေကိုယ်တိုင် ဖွဲ့စည်း တဲ့ ကျောင်းသားတွေကိုယ်တိုင် စီမံခန့်ခွဲတဲ့ လွတ်လပ်တဲ့သမဂ္ဂမျိုးဖြစ်ရမယ်၊ အဲ့ဒါကို အမျိုးသားပညာရေး ဥပဒေမှာ ဥပဒေနဲ့ပြဌာန်းဖို့လိုတယ်၊ နောက် တက္ကသိုလ်များ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့အခါမှာ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးကောင်စီမှာ ကျောင်းသားသမဂ္ဂတွေ ကိုယ်စားလှယ်တွေ ပါဝင်ဖို့တောင်းဆိုတယ်"

ကျောင်းသားတွေကိုယ်တိုင် စီမံခန့်ခွဲနိုင်တဲ့ ကျောင်းသားသမဂ္ဂဖြစ်ဖို့ကိုလည်း အမျိုးသားပညာရေးဥပဒေမှာ ထည့်သွင်းဖို့လိုတယ်လို့လည်း ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့အတွက် လွှတ်တော်၊ အစိုးရ၊ ကျောင်းသားနဲ့ NNER တို့ လေးပွင့် ဆိုင်ဆွေးနွေးစဉ်တုန်းက ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေအမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ကိုလည်း NNER က တောင်းဆိုထားပါတယ်။

အခုတောင်းဆိုချက်တွေကို နိုင်ငံတော်သမ္မတ၊ လွှတ်တော်နဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့ သူတွေကို ပေးပို့သွားမယ်လို့ ပြောပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (11)
Share

ဘက်​မလိုက်​ပြည်​သူ

အတည်ပြုတဲ့ဥပဒေကိုဝေဖန်ရအောင်
NNER ရေးဆွဲထားတဲ့ဥပဒေကရော ဘယ်လောက်
ကောင်းနေလို့လဲ
ကိုယ်လုပ်မှအကောင်းထင်နေတဲ့သူတွေဖြစ်နေမှတော့
အာဏာရှင်စိတ်ဓာတ်တွေပဲ

Jul 14, 2015 03:57 AM

Taing Chit

နေရပ်- Myanmar

အာဏာရှင် နဲ့ သူတို့ရဲ့ လက်ပါးစေ တွေ ကလွဲ ရင် ရိုးရိုးပြည်သူ တွေ အားလုံး က ပြုပြင်ရေး ကို သဘောကျတယ်။

Jun 21, 2015 08:51 PM

ေက ်ာခ ် မွ

နေရပ်- .. မွန္း သိ

လေးပွင့်ဆိုင်မှာ“ပြောခ ျင်ရာ ပြော ဦးအောင်မင်း”ပါတယ် ဟုတ်။ အဲဒီကတည်းက “ရေစုန်မေ ျာ”ပြီဆိုတာ သိသင့်ပြီလေ။

Jun 21, 2015 06:50 PM

(

In this respect, I do not mean "all activities of government are good". There will be good job and bad job. If good jobs are seen, appreciation must be given. Rome can not be built within a night and educational reforms cannot be done within a day to be in par with international standard. It depends of quality of human resources (especially teachers) and financial resources of the country. Therefore NNER should see things in a pragmatic way.
NNER : Do not try to create Utopia Educational System and Do not be slave of external forces.
They want to build up disciplined and modernized nations but they themselves are breaching all existing laws.

Jun 21, 2015 04:09 PM

(

xxxx လည်း နိုင်ငံခြားကအထောက်ပံ့ပိုက်ဆံကိုလည်း ယူထား၊ ခိုင်းတဲ့အတိုင်းလည်း မအောင်မြင်ဆိုတော့ ဆုတ်လည်းဆူး စားလည်းရူးသလို အစိုးရကိုပဲအပြစ်ပုံချဖို့ပဲရှိတော့တယ်။
ကြီးမှ နိုင်ငံရေးရူး ပိုက်ဆံရူး ရူးသွားတာ။
တကယ့် ပြည်ဖျက်ကုလားကျွန်စိတ်တွေပဲ။

[လွတ်လပ်တဲ့အာရှအသံ၏ စည်းမျဉ်းစည်းကမ်းများအရ အယ်ဒီတာက တည်းဖြတ်ထားပါသည်။]

Jun 21, 2015 04:07 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့