ကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို လွှတ်ပေးဖို့ NNER ညီလာခံတောင်းဆို


2015.06.18
nner-620.jpg မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ရဲ့ ဒုတိယအကြိမ် ညီလာခံကို ဇွန်လ ၁၈ ရက်နေ့က ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းမှာကျင်းပစဉ်
Photo: NNER

ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို လွှတ်ပေးဖို့ NNER မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ညီလာခံကနေ တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ ခဝဲခြံ မျက်မမြင်ကျောင်းမှာ ဒီနေ့စတင်ကျင်းပတဲ့ NNER ရဲ့ ဒုတိယအကြိမ် ညီလာခံကနေ အခုလို တောင်းဆိုလိုက်တာလို့ NNER အဖွဲ့ဝင် ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမများအသင်း က ဒေါက်တာ အာကာမိုးသူက ပြောပါတယ်။

"အချက်နှစ်ချက်ကတော့ ဖမ်းဆီးခံရတဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားတဲ့ကျောင်းသားတွေကို လွှတ်ပေးဖို့ ဆိုတဲ့အချက်ကို ကျနော်တို့က တောင်းဆိုတယ်၊ ၂ဝ၁၅ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာကျင်းပခဲ့တဲ့ လေးပွင့် ဆိုင်ဆွေးနွေးရေးမှာ ကျောင်းသားများတောင်းဆိုတဲ့ ၁၁ ချက်ကို အကောင်အထည်ဖော်ဖို့ရယ် ကျနော်တို့တောင်းဆိုတယ်၊ နောက်ပြီးတော့ အဲ့နှစ်ချက်တောင်းဆိုတဲ့ဟာကို ပထမဦးဆုံး မူကြမ်းတွေ ထွက်လာတာပေါ့နော်"

ညီလာခံ ပထမနေ့မှာ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနဲ့ ဆရာ၊ ဆရာမများအခန်းကဏ္ဍတို့ကို ဆွေးနွေးခဲ့ကြတာပါ။

တိုင်းနဲ့ပြည်နယ်အသီးသီးက ကျောင်းသားသမဂ္ဂတွေ၊ ဆရာသမဂ္ဂတွေ၊ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ ပညာရှင်တွေအပြင် တိုင်းရင်းသားအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက လူဦးရေ ၁ဝဝဝ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

အဲဒီညီလာခံကို လာမယ့် ဇွန်လ ၂၀ရက်နေ့အထိ ၃ ရက်ကြာကျင်းပမှာဖြစ်ပြီး နောက်ဆုံးနေ့မှာ သတင်းစာ ရှင်းလင်းပွဲကျင်းပမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNER အဖွဲ့ခေါင်းဆောင် ဒေါက်တာ သိန်းလွင်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။