လိုင်ဇာကို သိမ်းရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်လို့ ဒေါ်ဒွဲဘူ တုန့်ပြန်ပြောဆို

KIO ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို သိမ်းပိုက်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် ကချင်ပြည်သူ တစ်ယောက်အနေနဲ့ရော လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ပါ ကန့်ကွက်တယ်လို့ ကချင်တိုင်းရင်းသူ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဒီကနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော် ကျင်းပပြီးချိန်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
2013-01-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
KIO စစ်ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို မြင်တွေ့ရစဉ်။
KIO စစ်ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို မြင်တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIA  လိုင်ဇာဌာချုပ်ကို အရင်သိမ်းပိုက်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖြစ်နိုင်မယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေရဲ့ပြောဆိုချက်ကို ကချင်ပြည်နယ်၊အင်ဂျန်းယန် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး တုံ့ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ လွှတ်တော်ရဲ့ တိုက်တွန်းချက်တွေကို နှစ်ဖက်တပ်တွေက လိုက်နာဖို့ လိုအပ်ကြောင်း၊ လွှတ်တော်ရဲ့ တိုက်တွန်းချက်ဟာ လိုင်ဇာတစ်ခုထဲမဟုတ်ဘဲ ကချင်ပြည်နယ်တစ်ခုလုံးနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ထိုးစစ်တွေကိုလည်း ရပ်တန့်ဖို့လည်း ပါဝင်ကြောင်း ဒေါ်ဒွဲဘူက ပြောပါတယ်။

အခုလ ဇန်န၀ါရီလ ၁၉ ရက်နေ့ကလည်း သမ္မတဦးသိန်းစိန်အနေနဲ့ တမ်မတော်ကို ခုခံကာကွယ်သည်မှအပ ထိုးစစ်ဆင်တာတွေရပ်ဖို့ ညွှန်ကြားထားပြီးဖြစ်သလို၊ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးတွေမှာလည်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ့် အရေးကြီးအဆိုတွေ တင်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်ဒွဲဘူကို RFA ၀ိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
ကွန်မင့်များ (15)
Share

(

တလောကလုံး သိနေပြီးတာတောင် ဇွတ်ငြင်းနေသေး၊ နည်းအမျိုးမျိုးနဲ့ KIA/O ကိုပဲ အပြစ်ပုံချနေမြဲ၊
လက်ကိုင်တုတ် သတင်းစာ အသုံးချပြီး ဗမာတိုင်းရင်းသား နဲ့ ကျန်တိုင်းရင်းသားများကို သွေးခွဲ၊ ဒါကြောင့် ကျန်တိုင်းရင်းသားတွေ ဗမာ မုန်းတီးမှု ဖြစ်နေတာကို နားလည်ပေးသင့်တယ်၊ ဘယ်တော့မှလဲ မရှက်တတ်တဲ့ စစ်အစိုးရလက်ကျန်၊

Sep 24, 2013 12:09 PM

အမည်မဖော်လိုသူ

သေနတ်တွေမကိုင်ထားရင်တော့ထိုးစစ်ဆိုတာဆင်ဖို့မလိုပါဘူး..သေနတ်တွေကတိုက်ဖို့ပဲလေ..အဲ့ဒီတော့ကို့ကိုယ်ကိုကာကွယ်တဲ့အနေနဲ့တော့ ထိုးစစ်ဆင်ရမှာပဲ..အဲ့လိုမလုပ်စေချင်ရင် လက်နက်စွန့် ထာဝရညိမ်းချမ်းရေးယူပေါ့..

Jan 29, 2013 10:27 PM

အမည်မဖော်လိုသူ

ဒေါ်ဒွဲဘူ ပြောကြားချက် သွေးထွက်အောင်မှန်ပါသည်။
လိုဇာ ကိုသိမ်းပိုက်ခြင်းဖြင့် ငြိမ်းချမ်းရေး မရနိုင်ပါ။

Jan 29, 2013 07:52 PM

အမည်မဖော်လိုသူ

kiaကသီးခြားနိုင်ငံထူထောင်ချင်တာရှင်းပါတယ်

Jan 29, 2013 10:38 AM

Naw Sai

What exactly right is disappearance of KIA/O. KIA/O disappear now , peace will be set up now automatically.

Jan 29, 2013 08:02 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့