မြောက်ကိုရီးယား ပြောင်းလဲနိုင်ကြောင်း မြန်မာ အစိုးရပိုင်း ပြောဆို

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်ပြီး နောက်ပိုင်း မြောက်ကိုရီးယားမှာ အပြောင်းအလဲတွေ ပေါ်ပေါက်လာနိုင်တယ်လို့ မြန်မာ အစိုးရ အရာရှိ တစ်ဦးက ပြောဆိုကြောင်း AFP သတင်းဌာန က ဖေါ်ပြပါတယ်။
2011-12-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြောက်ကိုရီးယား အစိုးရ သတင်းဌာနဖြစ်သည့် KCNA ကိုရီးယား ဗဟိုသတင်း အေဂျင်စီမှ ဖော်ပြသော ပုံတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် (ယာ) ကို သားဖြစ်သူ ကင်မ်ဂျုံအွန်း (၀ဲမှ ဒုတိယ) ကို နိုင်ငံတည်ထောင်ခြင်း ၆၃ နှစ်မြောက်
ကျင်းပသည့် စစ်ရေးအခန်းအနားတစ်ခုတွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် တွေ့ရစဉ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် (အသက် ၆၉ နှစ်) သည် နှလုံးရောဂါနှင့် ကွယ်လွန်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ အစိုးရ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မြောက်ကိုရီးယား အစိုးရ သတင်းဌာနဖြစ်သည့် KCNA ကိုရီးယား ဗဟိုသတင်း အေဂျင်စီမှ ဖော်ပြသော ပုံတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် (ယာ) ကို သားဖြစ်သူ ကင်မ်ဂျုံအွန်း (၀ဲမှ ဒုတိယ) ကို နိုင်ငံတည်ထောင်ခြင်း ၆၃ နှစ်မြောက် ကျင်းပသည့် စစ်ရေးအခန်းအနားတစ်ခုတွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် တွေ့ရစဉ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် (အသက် ၆၉ နှစ်) သည် နှလုံးရောဂါနှင့် ကွယ်လွန်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ အစိုးရ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
AFP PHOTO / KCNA via KNS

ဒါပေမဲ့ ကင်မ်ဂျုံအီလ် ရဲ့ အရိုက်အရာကို ဆက်ခံမယ့် သားအငယ် ကင်မ်ဂျုံအွန်း ရဲ့အကြောင်းကိုတော့ သိပ်မသိကြောင်း၊ မြန်မာ အစိုးရ အနေနဲ့ ကင်မ်ဂျုံအီလ် အတွက် ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့မှာ ဖြစ်ကြောင်းလည်း အဲဒီ အရာရှိက ပြောပါတယ်။

မြန်မာ အစိုးရ အရာရှိ နောက်တစ်ဦးကလည်း ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့မယ့် ကိစ္စဟာ လုပ်ရိုးလုပ်စဉ်သာ ဖြစ်ကြောင်း၊ အခုတလော မြန်မာ နဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို နိုင်ငံတကာ အသိုင်းအ၀န်းက နားလည်မှု လွဲနေကြောင်း ပြောဆိုပါတယ်။

မြန်မာ နဲ့မြောက်ကိုရီးယားတို့ကြား အဏုမြူဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ရှိနေတယ် ဆိုတဲ့ အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်း- အထူးသဖြင့် အမေရိကန် လွှတ်တော် အမတ်တွေက စိုးရိမ်နေကြ ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စစ် ဟီလာရီ ကလင်တန် မြန်မာပြည်ကို လာရောက်ခဲ့စဉ် ကလည်း မြောက်ကိုရီးယား နဲ့ မသင့်မတော် ဆက်ဆံရေးတွေကို ဖြတ်တောက်ပစ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ မြန်မာ အစိုးရကတော့ ကုလသမဂ္ဂ ဆုံးဖြတ်ချက် အတိုင်း လိုက်နာသွားမယ်လို့ ကတိပြု ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်ပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ တုံ့ပြန်ဝေဖန်ချက် ဂယက်တွေနဲ့ပတ်သက်ပြီး ဒေါ်ခင်ခင်အိ ရဲ့ စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့