နျူပစ္စည်းတွေကိစ္စ သမ္မတ ဦးသိန်းစိန်ကို ကန်အထက်လွှတ်တော်အမတ် စာရေးမေးမြန်း

မြန်မာနိုင်ငံကို တရားမဝင်တင်ပို့မယ်လို့ ယူဆရတဲ့ နူကလီယား အနုမြူအစီအစဉ်မှာ သုံးစွဲနိုင်တဲ့ပစ္စည်းတချို့ကို ဂျပန်နိုင်ငံရောက် မြောက်ကိုရီးယား သင်္ဘော တစ်စီးပေါ်ကနေ တွေ့ရှိတဲ့သတင်း ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဆီးနိတ်အထက်လွှတ်တော်အမတ် တစ်ယောက် က သမ္မတ ဦးသိန်းစိန်ဆီကို စာရေးသားမေးမြန်းခဲ့တယ်လို့ သိရပါတယ်။
2012-11-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာစစ်အစိုးရ၏ နေပြည်တော်တွင် မြောက်ကိုရီးယား ပညာရှင်များက မြေအောက် ဥမင်လိုဏ်ခေါင်းများ ဖောက်လုပ်ပေးသော သတင်းကို QQ.com တရုတ် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားပုံ ဖြစ်ပါသည်။ (Image: RFA)
မြန်မာစစ်အစိုးရ၏ နေပြည်တော်တွင် မြောက်ကိုရီးယား ပညာရှင်များက မြေအောက် ဥမင်လိုဏ်ခေါင်းများ ဖောက်လုပ်ပေးသော သတင်းကို QQ.com တရုတ် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားပုံ ဖြစ်ပါသည်။ (Image: RFA)
(Image: RFA)

ဂျပန်နိုင်ငံထုတ် Asahi Shinbun သတင်းစာက ရေးသားခဲ့တဲ့ သတင်းတစ်ပုဒ်မှာ ပြီးခဲ့တဲ့ သြဂုတ်လက တိုကျိုဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ မြောက်ကိုရီးယားသင်္ဘောတစ်စီးပေါ်ကို အမေရိကန်အစိုးရရဲ့ မေတ္တာရပ်ခံချက်အရ ဂျပန်အာဏာပိုင်တွေက တက်ရောက်ရှာဖွေခဲ့ရာမှာ အနုမြူလုပ်ငန်းမှာ သုံးစွဲနိုင်တဲ့ သတ္တုချောင်းတွေနဲ့ အဆင့်မြင့် အလူမီနီယံ သတ္တုပြားတွေ တွေ့ရှိခဲ့ရကြောင်း၊ ဒီပစ္စည်းတွေကို တရုတ်ပြည်ကတဆင့် မြန်မာနိုင်ငံကိုပို့မယ်လို့ ယူဆရကြောင်းဖေါ်ပြခဲ့ပါတယ်။

ဒီသတင်းထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အမေရိကန် ဆီးနိတ်အထက်လွှတ်တော် ရီပါဘလီကင် အမတ် ရစ်ချတ်လူဂါ က သမ္မတ ဦးသိန်းစိန် ဆီကို စာရေးသားမေးမြန်းခဲ့တာဖြစ်ပါတယ်။
မစ္စတာ ရစ်ချတ်လူဂါ ဟာ အမေရိကန်လွှတ်တော် အနုမြူမပျံ့ပွားရေးဆိုင်ရာလုပ်ငန်းမှာ သြဇာညောင်းတဲ့ အမတ်တစ်ဦးဖြစ်ပါတယ်။

ကွန်မင့်များ (6)
Share

မောင်ဝင်းကို

နရေပျ- ရန်ကုန်

နူးကလီယားကို အမေရိကန်အရင်ဆုံးဖျက်ပါ။ မဟုတ်ရင် အမေရိကန်ဟာ ဘာကောင်မို့လို့ နူလက်နက်ကိုင်ထားတာလဲ။

Nov 30, 2012 06:25 AM

U Than Shwe

Please stop terrorism by CHEMICAL weapons.

Nov 30, 2012 04:10 AM

Old Myoma Students

နေရပ်- Rangoon

စစ်တိုက်တယ် ဆိုတာတောင် မချိမဆန့် ဒဏ်ရာရစေရင် လူမဆန်ဘူးလို့ သတ်မှတ်တယ်။ ဒီလို မဖြစ်အောင် နိုင်ငံတကာ ဆန္ဒပြမှုတွေကို မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲတာပေါ့။ စစ်ပွဲမှာတောင် လက်မခံတဲ့ကိစ္စကို လက်နက်မဲ့ ဆန္ဒပြသူတွေကြား သုံးတယ် ဆိုတာ ရာဇဝတ်မှု ကျူးလွန်တာပဲ ဖြစ်တယ်။ အခုဖြစ်တဲ့ဟာမှာ မီးလောင်ဗုံးတွေ သုံးခဲ့တယ်ဆိုတာ ဒဏ်ရာတွေ ကြည့် ရင် သိသာတယ်။

Nov 30, 2012 04:07 AM

Old Myoma Students

နေရပ်- Rangoon

Flame Thrower လို ပေ၂၀ လောက် မီးပန်းထွက်တဲ့ မီးသေနတ်တွေကို ဘန်ကာ၊ ကတုတ်ကျင်းထဲက ရန်သူတွေကို တိုက်ရာမှာပဲသုံးပြီး၊ မြေပြင်တက် တပ်ဖွဲ့တွေကို မသုံးရဘူး။ ဂျနီဗာ စာချုပ်မှာ ကန့်သတ်ထားတယ်။

ပြောချင်တာက မီးလောင် ဒဏ်ရာရစေတယ် ဆိုတာ ပြင်းထန်အောင် ထိခိုက်တဲ့ ဆိုးရွားတဲ့ တိုက်ခိုက်မှုမျိုး ဖြစ်တယ်။

Nov 30, 2012 04:06 AM

Old Myoma Students

နေရပ်- Rangoon

သတင်းတွေအရ ဆိုးဆိုးရွားရွား သိရတာက ဗုံးထဲကနေ လွင့်စင်လာတဲ့ အဖြူရောင် အနှစ်တွေက လူ့ခန္ဓာကိုယ်ထဲ စွဲကပ်ပြီး မီးလောင်တယ်၊ ရေထိတော့ပိုလောင်တယ်၊ ဒါဆို မီးစုန်းဗုံး သဘောမျိုးဖြစ်သွားပြီ။ ကျနော်တို့က ဗုံးအမျိုးအစားကို မျက်မြင်တွေ့ရတဲ့ အခြေအနေကြည့်ပြီး ခွဲခြားရတာ၊ မီးထွက်တဲ့ ဗုံးကို မီးလောင်ဗုံးပဲ ခေါ်မယ်၊ မီးခိုးပဲထွက်တဲ့ ဗုံးကို မီးခိုးဗုံးလို့ ခေါ်မှာပေါ့ဗျာ။ အခုဟာက မီးတွေပန်းထွက်နေတဲ့ ဗုံးမို့ မီးလောင်ဗုံးလို့ တိတိကျကျပြောတာပါ။

Nov 30, 2012 04:05 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့