ငြိမ်းစုစီ ဥပဒေပြင်ရေး လွှတ်တော်ကို တင်သွင်း

2016-05-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး ကို လွှတ်တော်မှာတွေ့ရစဉ်
ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး ကို လွှတ်တော်မှာတွေ့ရစဉ်
.

ခွင့်ပြုချက်တောင်းခံဖို့ မလိုတော့ဘဲ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းကို အသိပေးရုံနဲ့ ဆန္ဒဖော်ထုတ်နိုင်မယ့် ငြိမ်းချမ်း စွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းလိုက်ပါတယ်။

ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ ဒီဥပဒေကို ပြင်ဆင်ပြဌာန်းနိုင်ဖို့အတွက် အခုလိုတင်သွင်းရတာဖြစ်တယ် လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်မှာ အခုလို တင်သွင်းခဲ့ပါတယ်။

"ဒီမိုကရက်တစ် တိုင်းပြည်တစ်ခုအဖြစ် ထူထောင်တဲ့နေရာမှာ ကိုယ့်ကိုကိုယ် တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ လိုအပ် ပါတယ်၊ ဒါကြောင့်မို့ နိုင်ငံသားတို့ရဲ့ အခွင့်အရေးကို ဥပဒေနဲ့ အညီအညွှတ် စနစ်တကျသုံးစွဲဆောင်ရွက်ရာမှာ လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်ရေးအတွက်  မူလဥပဒေနဲ့ ပြင်ဆင်တဲ့ဥပဒေအစား ဒီဥပဒေကြမ်းကို လွှတ်တော် သို့ ရေးဆွဲတင်ပြရခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်"

ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက ကျောင်းသားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လယ်သမားတွေနဲ့ အလုပ်သမားအတော်များများဟာ အဲ့ဒီဥပဒေနဲ့ တရားစွဲဆိုခံရပြီး အကျဉ်းကျခံခဲ့ကြရပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈) မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ ဥပဒေများကို မဆန့်ကျင်လျှင် မိမိယုံကြည်ချက်၊ ထင်မြင်ယူဆ ချက်များကို ထုတ်ဖော်ပြောဆိုရေးသား ဖြန့်ဝေခြင်း၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်ရှိသည်လို့ ပြဌာန်းထားပါတယ်။

လတ်တလောကျင့်သုံးနေတဲ့ ငြိမ်းစုစီဥပဒေ အခန်း (၃) မှာ မိမိသဘောထားဆန္ဒကို ဖော်ပြရန် ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းအတွက် ခွင့်ပြုမိန့်ရရှိဖို့ သက်ဆိုင်ရာ မြို့နယ်ရဲ စခန်းတွေမှာ ၅ ရက် ကြိုတင်ခွင့်ပြုချက် တောင်းရမယ်လို့ ပြဌာန်းထားပါတယ်။

ဒီဥပဒေကြမ်းကို နောက်ဆက်လက်ကျင်းပမယ့် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စား လှယ်တွေက ဆွေးနွေးပြီး အတည်ပြုမှာဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

ကောင်းပါသည် ..သို့ သော်..............များစွာထည့်သွင်းစဉ်းစားဖို့ လိုပါသည်။

ပြင်ဆင်တာကောင်းပါတယ်

သို့သော် ဖွဲ့စည်းပုံပါအချက်များကိုမဆန့်ကျင်သော်လည်း
မကျေနပ်ချက်တစုံတရာရှိတိုင်း ထုတ်ဖော်မူများပြုလုပ်နေလျှင်
ယင်းမကြာခဏထုတ်ဖော်မူများကြောင့်ပတ်ဝန်းကျင်နေ ပြည်သူများစိတ်အနှောက်ယှက်ဖြစ်ရလျှင်(ဥပမာ-သွားရေးလာရေး စားသောက်ရေး စသည်)(ထုတ်ဖော်မူများ လုပ်တာ နဲ့အတူလမ်းပိတ်ဆို့ခြင်း၊ ကုန်ဈေးနုန်းကလိုက်တက်လာခြင်း၊ လူများကျီးလှန့်စားစားဖြစ်ကာကြောက်ရွံလာခြင်းစသည်)

ဘယ်သူက တာဝန်ယူမှာလဲ...
ဘယ်လိုအရေးယူဆောင်ရွက်မှာလဲ...

တာဝန်ယူမူတာဝန်ခံမူသည် ဥပဒေနှင့်အညီပြန်လည်ထိန်းကျောင်း
ရသည်ဟုနားလည်ပါသည်။

နိုင်ငံတကာတွင်မိမိအိမ်ခန်းထဲတွင် မိမိကိုယ်ပိုင်အခန်းမို့လို့ လွတ်လပ်သလို ပတ်ဝန်ကျင်းအားဂရုမစိုက် မိမိကိုယ်ပိုင်အခွင့်အရေးဆိုပြီး ကက်ဆက်သံအား ၇အိမ်ကြား ၈အိမ်ကြား ဆူညံ့စွာဖွင့်ပြီး အပေါင်းအသင်းများအားခေါ်ပီး လူစုလူဝေးတရုံးရုံးလုပ်လို့မရပါ..

ပတ်ဝန်ကျင်က လက်မခံပါဖူး ပတ်ဝန်းကျင်နေထိုင်သူများကို
စိတ်ပိုင်းဆိုင်ရာအနှောက်ယှက်ဝေဒနာများကိုဖြစ်စေနိုင်ပါတယ်

ဒါကြောင့်ယင်းဖြစ်လာနိုင်သည့် အချက်များအား လည်းထည့်သွင်းစဉ်းစားဖို့လိုပါတယ်..

အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် နိုင်ငံရေးရင့်ကျက်မူ
အားနည်းနေသေးသည့်အတွက် ပြည်သူအများစုသည် ဒီမိုကရေစီ
အလေ့အကျင့်ကောင်းများဖြင့် နည်းလမ်းတကျ ထုတ်ဖော်မူနှင့် ဥပဒေမဲ့မင်းမဲ့စရိုက်ဆောင်ရွက်နေမူ(တနည်းအားဖြင့် တည်ဆဲဥပဒေများအားမျက်ကွယ်ပြုကာ ဆောင်ရွက်နေမူ) များအား ကွဲကွဲပြားပြားနားမလည်သေးပါ...

ငါ့လွတ်လပ်ခွင့်ပဲ ငါလုပ်ခြင်တာလုပ်လုပ်မယ် ဘယ်သူမှ ဂရုစိုက်စရာမလိုဖူး အယူအဆကို ဒီမိုကရေစီ မွေးရာပါ အခွင့် အရေးဟု မှတ်ယူနေသူများစွာရှိနေသည်ကို မမေ့ရန် သတိပြုရပေလိမ့်မည်။

May 05, 2016 11:39 PM

ဆိုက်တခုလုံးသို့